လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၂)ရဲကင်းမှ ဒုနယ်ထိန်းတစ်ဦး ကားတိုက်ခံရ၍ သေဆုံး
|လှိုင်သာယာ၊ ဩဂုတ် ၂၂/၂၀၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့မ ရဲစခန်းမှ အမှတ်(၂)ရဲကင်းတွင် တာဝန်ထမ်းဆောင် နေသော ဒုတပ်ကြပ်တစ်ဦးမှာ ဩဂုတ် ၂၁ရက်နေ့ ၈နာရီ ၄၀မိနှစ်ခန့်တွင် ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
“သေဆုံးသူ ဒုတပ်ကြပ်က စနေမမှတ်တိုင်အနီးမှာရှိတဲ့ ‘ရွှေတတ်လူ’ ထမင်းဆိုင်သို့ ထမင်းစားသွားတယ်။ စနေမ မှတ်တိုင်အရောက် ရန်ကုန်-ပုသိမ်လမ်းအတိုင်း အရှေ့ ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာတဲ့ ကုန်ကားအား ကျော်တတ်စဉ်မှာ လမ်းလယ်ဘလောက်တုံးကို တိုက်မိပြီး တစ်ဖက်ယာဉ်ကျောသို့ ရောက်ရှိသွားစဉ်မှာ အနောက်ဘက်မှ အရှေ့ဘက်သို့ မောင်းနှင်လာတဲ့ ကုန်ကားနှင့်ချိတ်မိပြီး ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
သေဆုံးသူ ဒုတပ်ကြပ်တွင် အသက် (၃၀နှစ်)အရွယ် ကျော်ခိုင်ဖြစ်ပြီး အရက်သောက်စားခြင်း မရှိသူ တစ်ဦးဟု သိရှိရသည်။ ဒုတပ်ကြပ်ကျော်ခိုင် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ၎င်းအား တိုက်သွားသည့် ကုန်တင်ယာဉ် မောင်းနှင်သူကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ ယာဉ်(ပ) ၇၅/၂၀၂၀၊ ရာဇာသတ်ကြီး ပုဒ်မ ၃၀၄-က /၂၇၉/ ၂၀၂ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။
ဒုတပ်ကြပ်အား တိုက်မိသောယာဉ်တွင် ယာဉ်နှင့်အတူ မောင်းနှင်ထွက်ပြေးသဖြင့် ယာဉ်မောင်း(စီးစစ်ဆေး)အား ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး၊ အဆိုပါ ယာဉ်တိုက်မှုကဲ့သို့ ဖြစ်ရပ်တွင် ယာဉ်မောင်းသူများ ထွက်ပြေးသွားသည့် တခြားသော ဖြစ်ရပ်များမှ ယာဉ်တချို့မှာလည်း ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိပေ။
လှိုင်သာယာမြို့နယ်ရှိ မီးပွိုင့်များမှာ တပ်ဆင်ထားသော CCTV တချို့တွင် ကြိုးပျက်နေ၍ ကြည့်ရှုမရကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောဆိုသည်ဟု ယာဉ်တိုက်မှုဖြင့် သေဆုံးသည့် (၉)တန်း ကျောင်းသား၏ မိခင်ဖြစ်သူက တွေ့ဆုံကာ ပြောကြားရာ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောကြားတယ်ဟု ပြောဆိုခဲ့သည်။
သာခိုင်
Top Phoenix Media Group