တရုပ်တို့ရဲ့ မျှော်လင့်ရည်မှန်းချက်က အမေရိကန်တို့ဦးဆောင်နေတဲ့ ကမ္ဘာ့စနစ်ကြီးကို စိန်ခေါ်နေတာ လျှို့ချက်ချက်တစ်ခုမဟုတ်တော့

အမေရိကန်ရဲ့ ကမ္ဘာ့ငွေကြေးစံအဖြစ်သုံးနေရတဲ့ဒေါ်လာအခန်းကဏ္ဍကို အားပျော့စေချင်တယ်
တစ်ပြိုင်နက်ထဲမှာ Bretton Woods Institutions က ကမ္ဘာ့ဘဏ် အိုင်အမ်အက်ဖ်
တို့နဲ့ အပြိုင်လုပ်ချင်လာတယ်
(Bretton Woods Institutions) ဆိုတာ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ကို၁၉၄၄တုန်းက စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်နိုင်ငံက Bretton Woods မြို့ကစဆင်ခဲ့လို့ Bretton Woods Institutions လို့ခေါ်တာပါ

အဲ့ဒိမှာ တရုပ်တို့ဟာ ကြိုးပမ်းမှုတစ်ခုလုပ်လာခဲ့တယ် BRICS ဆိုတဲ့ အဖွဲ့ကိုဝင်ခဲ့တာပါ
Brazil, Russia, India, China and South Africa
တို့ရဲ့ နိုင်ငံနာမည်တွေကို အဖျားဆွတ်ယူထားတဲ့ အဖွဲ့ပါပဲ
BRICS လို့ခေါ်တယ် 2008 ​​လောက်စခဲ့တယ်

ဘေဂျင်းဟာ BRICS ကိုမျှော်လင့်ချက်အလွန်ထားခဲ့ပါတယ် ဒါပေမယ့်ထင်သလိုဖြစ်မလာခဲ့ဘူး
BRICS ရဲ့ ဆက်စပ်မှုတွေကိုအမြဲတမ်း
စောင့်ကြည့်နေရင်တဲ့အခါမှာ အလုပ်မဖြစ်တာပိုထင်ရှားလာပါတယ်

ဘရာဇီးရုရှနဲ့အိန္ဒိယတို့အကြားက
ပထဝီနိုင်ငံရေးပွတ်တိုက်မှုအငြင်းပွားမှုတွေနဲ့
တရုပ်မုန်းတရုပ်ကြောက် ရောဂါတွေဟာ BRICS
တည်တန့်မှုကို ခြောက်လှန့်နေခဲ့ပါတယ်
​​တောင်အာဖရိကရဲ့ စီးပွားရေးပြိုလဲမှုကလည်း သူ့ရဲ့ပါဝင်မှုနဲ့ အဖွဲ့ရဲ့ရည်မှန်းချက်ဟာ မဆီမဆိုင်သလိုကြီးဖြစ်လာပါတယ်

မျှမျှတတဖြစ်အောင်ယှဥ်ပြောရရင်
တရုပ်တို့ရဲ့BRI နဲ့ယှဥ်လိုက်ရင်
BRICS ဟာသိပ်ပြီးမထင်ရှားခဲ့ပါဘူး ဘာကြောင့်လဲဆိုရင်
BRICS နဲ့ဘာမှစမလုပ်နိုင်ခဲ့လို့ပါပဲ
ဘယ်လိုပြောပြောပါ တရုပ်တို့ဟာ BRICS ကိုသူတို့ရဲ့ စူပါပါဝါရရှိရေးအတွက်ရည်ရွယ်ထားပြီး ဦးဆောင်ခဲ့တာပါဆိုတာကိုတော့ မြင်သာပါတယ်

တရုပ်ရဲ့နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်တဲ့ CGTN ကရီပို့တစ်ခုကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ရေးသားခဲ့ပါတယ်
တရုပ်နိုင်ငံအတွက် BRICS ရဲ့ အရေးပါပုံဆိုတဲ့အကြောင်းပါ
“The Importance of BRICS to China”

BRI ဟာနိုင်ငံပြင်ပရည်မှန်းချက်ဖြစ်နေပေမယ့် တရုပ်ဟာ BRICS မှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားခဲ့တယ် လို့ရေးသားတာပါ

BRICSဟာ အမေရိကန်ကြီးစိုးထားတဲ့အဖွဲ့အစည်းတွေနဲ့ G7အဖွဲ့ကြီးအတွက်တရုပ်ရဲ့စိတ်ဖြေဖျောက်စရာ တန်းညှိစရာဖြစ်တဲ့အဖွဲ့ဖြစ်နေပါတယ်လို့ရေးသားထားပါတယ်

ကမ္ဘာမှာ လိုအပ်နေတဲ့ကမ္ဘာသုံးငွေကြေးစနစ် အသစ်တစ်ခုကို ရှာဖွေမယ်
အမေရိကန်ကိုဗဟိုပြုလွန်းရတဲ့စနစ်ကနေလွတ်လမ်းရှာရမယ်
ဒီမျှော်မှန်းချက်တွေအတွက် ကမ္ဘာ့စီးပွားတိုးတက်မှုအကြီးမားဆုံးနိုင်ငံတွေနဲ့ပူးပေါင်းရမယ်လို့
ဖော်ပြရေးသားခဲ့ပါတယ်

တရုပ်တို့ရဲ့အတွေးအမြင်ထဲမှာ BRICSဟာ
တရုပ်ဦးဆောင်တဲ့ကမ္ဘာ့စနစ်အသစ်ဆီ(new world order) သွားဖို့ဖြတ်လမ်းအဖြစ်ထင်မြင်ထားခဲ့ပုံရပါတယ်
ဒီအတွက် အဖွဲ့အစည်းကြီး၂ခုကိုထူထောင်ခဲ့ပါတယ်
New Development Bank (NDB)နဲ့
Asia Infrastructure Investment Bank (AIIB) တို့ကို ထူထောင်ခဲ့တာပါ

သို့သော် BRICS ဟာပြိုင်ပွဲတောင်မဝင်နိုင်ခဲ့ပါဘူး
ဒုတိယကမ္ဘာစစ်ကြီးအပြီးက ထူထောင်ခဲ့ကြတဲ့
world bank နဲ့ အိုင်အမ်အက်ဖ် တို့လိုဖြစ်မလာရတဲ့အကြောင်းကတော့ BRICSဟာ
နိုင်ငံရေးနဲ့လူမှုရေးတန်ဖိုးတွေကိုမျှမျှတတအခြေခံပြီးမစဥ်းစားခဲ့လို့ပါပဲ
လက်ရှိအမေရိကန်တို့ဦးဆောင်နေတဲ့ world order ဟာ ဒီမိုကရက်တစ်နဲ့ လစ်ဘရယ်တန်ဖိုးတွေကို အခြေခံထားတာဖြစ်နေပါတယ်
BRICSထဲမှာပါနေတဲ့ အိန္ဒိယနဲ့ဘရာဇီးတို့ရဲ့ ဒီမိုကရေစီစနစ်ဟာတရုပ်တို့ရဲ့ကွန်မြူနစ်စနစ်နဲ့ မကြာခဏဝိရောဓိဖြစ်နေတဲ့အနေအထားကိုတွေ့ရပါတယ်

ဒါဆိုရင်သူတို့ဘာဖြစ်လို့ BRICS မှာပါခဲ့ကြသလဲ ဆိုရင်အဲ့ဒိအချိန်ကသူတို့ရဲ့အစိုးရတွေဟာ တရုပ်နဲ့ပတ်သက်လို့ခိုင်မာတဲ့ပေါ်လစီတွေ မချထားနိုင်သေးတဲ့အချိန်ဖြစ်နေခဲ့လို့ပါပဲ
ဥပမာပြောရရင် အိန္ဒိယမှာ UPA အစိုးရဟာ
တရုပ်ရဲ့ကြီးစိုးမှုကို စိမ်ခေါ်ဖို့အတွက် စိတ်ပါလက်ပါမရှိခဲ့ကြဘူး
ဒါပေမယ့်အခုတော့ အခြေအနေတွေကပြောင်းလဲကုန်ပါပြီ

အိန္ဒိယကမိုဒီရဲ့အစိုးရနဲ့ ဘရာဇီးကဘိုဆွန်နရို အစိုးရတို့ဟာ တရုပ်ကိုပါတနာဆိုတာထက် ပြိုင်ဘက်လို့ နားလည်ထားကြသူတွေပါ
အိန္ဒိယမှာဆိုရင်
မိုဒီဟာ တရုပ်ကို စိမ်ခေါ်နိုင်စွမ်းရှိသူတစ်ယောက်အဖြစ် ကိုယ်ရည်ကိုယ်သွေးထုတ်ပြခဲ့ပြီးပါပြီ
ဘရာဇီးမှာ
Jair Bolsonaro ဟာ တရုပ်ဆန့်ကျင်ရေးကြွေးကျော်သံအစီအစဥ်နဲ့ သမ္မတရွေးကောက်ပွဲနိုင်လာသူ
ဖြစ်ပါတယ်
သူနိုင်လာတဲ့အခါ Jair Bolsonaroရဲ့သား Eduardo Bolsonaro ဟာ အခြားသော ဘရာဇီးအမတ်တွေနဲ့ အတူ တရုပ်ဆန့်ကျင်ရေးကိစ္စတွေကို ဦးဆောင်နေပါပြီ

ဒီအပြင် BRICS ထဲမှာပါနေတဲ့ တရုပ်နဲ့အာဏာသုံးစွဲခွဲဝေပုံ ဆင်ဆင်တူနေတဲ့ ရုရှဆိုရင်လည်း တရုပ်နဲ့သူ့ရဲ့ကွဲပြားခြားနားချက်တွေဟာ အတော်လေးကွာနေပါတယ်
မော်စကိုဟာ တရုပ်တို့ရဲ့ ဗဟိုအာရှအပေါ်လွှမ်းမိုးလာမှုနဲ့ အာတိတ်ဒေသမှာပိုင်ဆိုင်ကြောင်းကြေညာလာမှုတွေရယ်
ရုရှတို့ရဲ့ကာကွယ်ရေးပုံစံကိုကူးချလိုတဲ့ စိတ်ထားတွေရယ်ကြောင့် စိမ်ခေါ်မှုအများအပြားနဲ့ကြုံတွေ့နေရတာပါ
ရုရှရဲ့ ဘေဂျင်းအပေါ် ကြွေးကျော်ထားတဲ့
အချက်ကတော့
“strategic axis of convenience” ကိုမျှဝေကြဖို့ဆိုတာပါပဲ
အဆင်ပြေ​​ချောမွေ့တဲ့မဟာဗျူဟာသဘောတူညီမှု လို့အနီးစပ်ဆုံးပြောလို့ရတဲ့ ခေါင်းစဥ်ပါ
သို့ပေမယ့် မနီးစပ်ပါဘူး

​နောက်ထပ်အဖွဲ့ဝင်ဖြစ်တဲ့ တောင်အာဖရိကကတော့ စီးပွားရေးကျဆင်းမှုတွေဖြစ်ပြီး
အခုလက်ရှိ ကမ္ဘာ့စနစ်ယန္တရား ထဲမှာတောင်သိပ်ဝင်ဆန့်လှတာမဟုတ်ပါဘူး

BRICS ပြန်လည်သက်ဝင်ဖို့ ကိုစဥ်းစားကြည့်တဲ့အခါ
ရန်လိုနေတဲ့တရုပ်ကြောင့်ဖြစ်နိုင်မှာမဟုတ်တာကိုပဲ
တွေ့နေရပါတယ်
အိန္ဒိယနဲ့ နယ်စပ်ပြဿနာ ဖြစ်တဲ့ Ladakh ကိစ္စ
ရုရှနဲ့ အရှေ့ပိုင်းမှာဖြစ်နေတဲ့ပိုင်နက်ပိုင်ဆိုင်မှုကိစ္စ
ဗလာဒီဗော့စတော့ မြို့ကိစ္စတွေဟာ
တော်ရုံနဲ့ပြီးမယ်မထင်ရတဲ့ကိစ္စတွေပါပဲ

ဒါကြောင့် BRICS ဟာပြိုလဲလာတာပါ
အမေရိကန်ရဲ့ ကြီးစိုးမှုကို စိမ်ခေါ်ပြီး ကမ္ဘာ့စနစ်ကြီးအသစ်ဖြစ်စေမယ် new world order လုပ်မယ်ဆိုတဲ့တရုပ်ကို အမေရိကန်က ပညာပြလိုက်ပါတယ်
G7 ထဲမှာ ရုရှနဲ့အိန္ဒိယကို ထည့်သွင်းလိုက်ဖို့ အမေရိကန်သမ္မတ ထရမ့်ကလုပ်လိုက်တာပါပဲ

အလားတူဆိုသလိုပါပဲ အိန္ဒိယဟာ QUAD အဖွဲ့အစည်းထဲပါလိုက်တယ်
US JAPAN AUS INDIA လေးနိုင်ငံ အုပ်စုဖြစ်လာပါတယ်
အဆုံးမှာတော့ တရုပ်ဟာ သူ့ရဲ့ရည်မှန်းချက်အကောင်အထည်ဖော်ဖို့ ဆိုတာဟာ နည်းနည်းလေးတောင် မနီးစပ်တော့ပါဘူး
ဒေါ်လာကို ယွမ်နဲ့ တောက်ချမယ်ဆိုတာဟာ ဝေးသွားခဲ့ပါတယ်

သိပ်တော့ကြာတော့မယ်မထင်ပါဘူး
BRICS အဖွဲ့ဟာတစစီ ပြိုကွဲဖို့ရှိလာပါလိမ့်မယ်ဆိုတာ တရုပ်တို့ရိပ်မိနေပါပြီ
အလားတူပါပဲ သူတို့ရဲ့ စူပါပါဝါအိပ်မက်ဟာလည်း
မိုးလင်းလုပါပြီ
တရုပ်တို့ဟာ ခြေလှမ်းသွက်သွက်နဲ့အလှမ်းကျယ်လာခဲ့ရာကနေ လပ်နေတဲ့အလယ်နေရာတွေကနေ ထိုးနှက်ခံ ရတာကို သင်ခန်းစာယူမယူ ခုထိမသိရသေးပါဘူး

အမေရိကန်တို့ဟာ တရုပ်ကိုပြန်မတိုက်ပဲ စနစ်ကိုတိုက်တယ်
ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်စနစ်ကိုတိုက်တယ်
တရုပ်ကိုမတိုက်ပဲ တရုပ်နဲ့အဆင်မပြေသူကိုစည်းရုံးတယ်
တရုပ်ကိုငြင်းဆန်ရဲတဲ့သူကိုသာခေါင်းဆောင်ဖြစ်ဖို့
အားပေးတယ်

တရုပ်တို့သင်ယူစရာတွေအများကြီးရှိနေပါသေးတယ်
အားလုံးတစ်ကိုယ်လုံးအခြေခိုင်မာမှသာ ခေါင်းထောင်သင့်တာပေါ့

pi lon
ref cgtn/ wef /civilserviceindia / time
Credit

Add a Comment

Your email address will not be published. Required fields are marked *