စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ လေရှီးမြို့နယ်မှာ ကျွဲအကောင်ရေ၁၀၀ကျော်သေဆုံး

ရန်ကုန်-သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ လေရှီးမြို့နယ်မှာ ကျွဲအကောင်ရေ၁၀၀ကျော်သေဆုံးခဲ့တယ်လို့ လေရှီးမြို့နယ် တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဦးရိထင်က ပြောပါတယ်။

အခုနှစ် မတ်လမှစပြီး ကျွဲသေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ကျွဲများက အမောစို့ပြီး နှာခေါင်းမှနှာရည်များယိုကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မတ်လကနေ ဒီနေ့အထိ တစ်ပတ် ၂ကောင်ကနေ၅ကောင်အထိ သေတယ်။နောက်တစ်ပတ်ခြာလိုက် နောက်၄ကောင်ကနေ ၁၀ကောင်လောက်သေလိုက်ဖြစ်နေတာ။အခုအထိတော့ အကောင် ၁၀၀ ကျော်အထိရှိသွားပါပြီ။အရင်ရောဂါအခံရှိလို့ ကာကွယ်ဆေးမထိုးထားတဲ့အပိုင်း ရှိတယ်။ကာကွယ် ဆေးမမှီတဲ့အပိုင်းတွေလည်းရှိတယ်”လို့ ဦးရိထင်က ပြောပါတယ်။

ကျွဲသေဆုံးမှုနဲ့ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များနှင့်သက်ဆိုင်ရာမြို့နယ်တာဝန်ရှိတွေက ကျေးရွာများတွင် လိုက်လံအသိပညာပေးခြင်းနှင့်ကူးစက်ခံရမှု မရှိသေးတဲ့ ကျွဲများကို ကာကွယ်ဆေးထိုးနှံပေးရန်အတွက် နှိုးဆော်သြမှုများ ပြုလုပ်နေတယ်လို့သိရပါတယ်။

ကျွဲများသေဆုံးမှုနှင့်ပတ်သက်ပြီး ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာ အဖြေမသိရသေးပဲ မန္တလေးရောဂါရှာဖွေရေးဓာတ်ခွဲခန်းကိုပို့ထားတယ်လို့ စစ်ကိုင်းတိုင်းမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာမြင့်စိုးက ပြောပါတယ်။

သတင်း – မျိုးဝင်းထွန်း (မုံရွာ)

ပုံ – ဦးရိထင်

Add a Comment

Your email address will not be published. Required fields are marked *