လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက် ရှာဖွေတွေ့ရှိ
|15-8-2020 5:00pm တွင်
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် စစ်အောင်ပိုင် ရဲတပ်ကြပ် ဇေယျာဖြိုး ရဲဒုတပ်ကြပ် ကျော်ဇေယျာဦး သက်သေ ဦးသိန်းစိုး ဦးမျိုးမြင့်သူ တို့နှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၉)ရပ်ကွက် ဓညဝတီလမ်း အမှတ် ၄၁က အခန်း၁ရှိ အောင်သူရ(ခ) ဖားကြီး၏ နေအိမ်လိုင်းခန်းတွင် မူးယစ်ဆေးဝါးများ ရောင်းချ နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ရှာဖွေခွင့် ဝရမ်းဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ် အခန်းအတွင်း ကြမ်းပြင်ပေါ်တွင် အောင်သူရ(ခ)ဖားကြီး အောင်ထိုက် (ခ)ကတုံး ရဲဝင်းအောင် (ခ)ကိုရဲ တို့၃ဦးကို ထိုင်လျက် တွေ့ရှိရပြီး
၎င်းတို့အလယ်တွင် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ထိပ်တွင် ခဲပြားပတ်ထားသည့် အစိမ်းရောင် အအေးစုတ်ပိုက် ၂ချောင်း အဖြူရောင် အအေးစုတ် ပိုက် ၁ချောင်း ပြုပြင်ထားသည့် ဂတ်စ်မီးခြစ် အဝါရောင် ၂လုံး အပြာနုရောင် ၁လုံး မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် သုံးလက်စ ခဲပြားအပိုင်းစ ၃ခုအား၎င်း ငွေမှင်ရောင် မျက်မှန်ထည့်သည့် ဗူး၁ဗူးအတွင်း အစိမ်းရောင် အအေးစုတ်ပိုက် အပိုင်းများဖြင့် ထုပ်ပိုးထားသည့် WYစာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၅၃)ပြား အလေးချိန် (၅့၃)ဂရမ်ခန့် ကာလတန်ဖိုး တစ်ပြားလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ဆေးပြား ၅၃ပြား တန်ဖိုးငွေ (၁၃၂၅၀၀/) အား ထည့်လျက်၎င်း သုံးစွဲနေသည်ကို တွေ့ရှိရပြီး
၎င်းတို့ ၃ဦးအနောက် အခန်းနံရံတွင် ထောင်ထားသော လက်ကိုင်ရိုးအား တိပ်အနက်ရောင် ပတ်ထားသည့် အရိုးအသွား ၃၀လက်မခန့်ရှိ ဓါးရှည်၁ချောင်း တို့အား အသီးသီး ရှာဖွေ တွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံ ရေးသွင်း သိမ်းဆည်း ခဲ့ပါကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးပြားများအား သုံးစွဲ/ရောင်းချရန် အလို့ငှာ လက်ဝယ် ထားရှိပြီး ဓါးလက်နက်အား လက်ဝယ် ထားရှိသူ အောင်သူရ(ခ)ဖားကြီး (၂၀)နှစ် (ဘ)ဦးတင်လှ မ/၄၁က အခန်း၁ ဓညဝတီလမ်း ၁၉ရပ်ကွက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အောင်ထိုက် (ခ)ကတုံး (၂၀)နှစ် (ဘ)ဦးဝင်းထွန်း ဦးဘဝင်းလမ်း ၁၉ရပ်ကွက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရဲဝင်းအောင် (ခ)ကိုရဲ (၂၁)နှစ် (ဘ)ဦးသန်းဌေး မ/၁၈၈က သံသုမာလမ်း ၁၉ရပ်ကွက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် နေသူတို့ ၃ဦးအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် စစ်အောင်ပိုင်မှ တိုင်တန်း၍ သောင်ကြီးနယ်မြေ ရဲစခန်းမှ အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။