လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် တို့တွင် ဆိုင်ကယ်(၈)စီး ခိုးမှုကျူးလွန်သူ (၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည်
၁၁.၈.၂၀၂၀ ရက်နေ့ ၁၈း၃၀ အချိန်တွင်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်း ဆောင်ရွက် နေစဉ်
ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင် သတင်းရရှိထားသူ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၉)ရပ်ကွက်၊ သံသုမာ(၂)လမ်း နေ သိန်းထိုက်အောင် (ခ)ကိုထက် နှင့် သီဟအောင် (ခ)အေကိုက် (လိပ်စာတူ) တို့(၂)ဦးကို
(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းမ ပေါ်၌ CANDA အမျိုးအစား ဆိုင်ကယ် (၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါ ဆိုင်ကယ်နှင့် ပတ်သက်၍ ၎င်းတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှု မရှိသဖြင့် ဖမ်းဆီးခဲ့ပါသည်။
ဖမ်းဆီးရမိသူ သိန်းထိုက်အောင် (ခ)ကိုထက် နှင့် သီဟအောင် (ခ)အေကိုက် တို့(၂)ဦးကို အခြား ပြစ်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေး ခဲ့ရာ ၎င်းတို့(၂)ဦးသည်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ ဩဂုတ်လအထိ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် တို့အတွင်း လှည့်လည် သွားလာ၍ လမ်းဘေး၌ ရပ်ထားသော ဆိုင်ကယ် အမျိုးမျိုး (၈)စီးကို ခိုးယူခဲ့ကြကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ပါသည်။
စစ်ဆေး ပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး (၈)စီးကို ပြန်လည် သိမ်းဆည်း ရရှိပြီး ဖြစ်၍
ခိုးမှုကျူးလွန်သူ သိန်းထိုက်အောင် (ခ)ကိုထက် နှင့် သီဟအောင် (ခ)အေကိုက် တို့(၂)ဦးကို ဥပဒေ နှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း Yangon Police မှ သတင်းရရှိပါသည်။

Add a Comment

Your email address will not be published. Required fields are marked *