ထိုင်းတွင် တောလမ်းမှဝင်ရောက်လာသောမြန်မာ ၄၀ယောက် ပစ်ခတ်ဖမ်းဆီးခံရ
|မြန်မာပြည်သားတွေ ထိုင်းထဲ ခိုးဝင်ရာမှာ အသုံးပြုတဲ့ တောလမ်းမှာ ထိုင်းအာဏာပိုင်တွေ ပစ်ခတ်ဖမ်းဆီးမူ့မှာ မြန်မာနိုင်ငံသား ၄၀ ဦးဖမ်းဆီးခံလိုက်ရပါတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပြီး ဖမ်းမိသူများရဲ့ ထွက်ဆိုချက်အရ နောက်ထပ် လူဦးရေတစ်ထောင်ကျော် ခိုးဝင်လာအုံးမယ်လို့ ဆိုတာကြောင့် ထိုင်းစစ်တပ်မှလည်း ကင်းလှည့်ဖမ်းဆီးဖို့် အသင့်ပြင်ထားကြောင်းသိရပါတယ်။
အရမ်းကို အန္တရာယ်များနေသောကြောင့် မသွားကြရန် သတိပေးအပ်ပါသည်။ ထိုင်းမြန်မာနယ်စပ်နှင့် အလွန်နီးကပ်သော ကန်ကျနဘူရီခရိုင် တောလမ်းမှ ဝင်ရောက် လာတာပါ။ အောက်လမ်းကဝင်လာလို့ လွတ်မယ်လို့ မထင်ကြပါနဲ့ အထူးသတိပေးလိုက်ပါရစေ။ ပွဲစားစကား မယုံကြပါနဲ့၊ ထိုင်းမှာ ဘယ်လမ်းကဝင်ဝင် အမှန်အကန် စောင့်ကြည့် ဖမ်းဆီးနေကြောင်း အကြောင်းကြားအပ်ပါသည်။
အောက်လမ်းတွေဖြစ်တဲ့ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မယ်ဆောက်၊ မြတ်လမ်း၊ ထားဝယ်လမ်း၊ ကော့သောင်းလမ်းတွေကနေ ဝင်နေကြတာတွေ့ရပါတယ်။ ဒီလိုသွားတဲ့အခါ ပွဲစားများက နေရာအပေါ်မူတည်ပြီး ပို့ဆောင်ခ ဘတ် ၅၀၀၀၊ ဘတ် ၈၀၀၀၊ ဘတ် ၁၂၀၀၀၊ ဘတ် ၁၅၀၀၀ စသည်ဖြင့် အကုန်အကျခံပြီး သွားလာကြပေမဲ့ အသက်အန္တရာယ်ပါရှိနေပါတယ်။
ဓာတ်ပုံ-ကိုနိုင်