အရက်သောက်စားမူးယစ်ပြီး ကျောင်း၀န်းအတွင်း၀င်ရောက်ကာဆဲဆိုပြသနာရှာသော အမျိုးသားအား ဘုန်းကြီး က ဓားဖြင့်ထိုးသတ်

စစ်ကိုင်း၊ဩဂုတ် ၁၄

စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်၌ ဩဂုတ်၁၃ညပိုင်းကအရက်သေစာသောက်စားမူးယစ်ပြီးကျောင်း၀န်းအတွင်း၀င်ရောက်ကာ ဆဲဆိုပြသနာရှာသော အမျိုးသားအား ဘုန်းကြီး က ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှသိရသည်။

စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက် ၊(ည)နယ်မြေကျုးကျော်ရပ်၊ပေါ်တော်မူဘုရား၀န်း၊စေတီယပါလဘုန်းတော်ကြီးကျောင်း၀န်းအတွင်း ဩဂုတ်၁၃ပိုင်းက လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှုးယာယီရဲမှုးစိုးမိုးနိုင်၊စစ်ကိုင်းမြို့မစခန်းမှုးဒုရဲမှုး၀င်းဇော်မိုးဦးဆောင်သောရဲတပ်ဖွဲ့၀င်များသွားရောက်စစ်ဆေးရာည ၉နာရီ ခန့်က စေတီယပါလဘုန်းတော်ကြီးကျောင်း ၀န်းအတွင်းခန်း‌နေဦးဇင်းဦးဝေပုလ္လသည်ကျောင်းထိုင်ဆရာတော်ဦးဝိသုဒ္ဓ၊ဦးဇ၀န တို့နှင့်အတူ ကျောင်းခန်းပေါက်ထိုင်နေစဉ် ည နယ်မြေကျူးကျော်ရပ်နေ မျိုး၀င်း(၄၈)နှစ်သည် အရက်သေစာသောက်စားမှုယစ်ပြီးကျောင်း၀န်းအတွင်းသို့ရောက်ရှိလာသဖြင့် ဦးဇင်းဝေပုလ္လမှ “မင်း အရက်မူးနေတာ မဟုတ်လား၊အိမ်ပြန်”ဟု ပြောရာ မျိုး၀င်းမှမပြန်ဘဲ ပြသနာရှာနေသဖြင့် ဝါးတုတ်တစ်ချောင်းဖြင့် နောက်ကျောအားတစ်ချက်ရိုက်ပြီး ကျောင်း၀န်းအတွင်းမှ ထွက်သွားရန်နှင်ထုတ်ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရသိရသည်။

ည ၁၀နာရီ ၄၅ တွင် ကျောင်း၀န်းအတွင်းသို့ မျိုး၀င်း ပြန်လည်ရောက်ရှိပြီး ဦးဇင်းဝေပုလ္လအား ဆဲဆိုကြိမ်းမောင်းရာ ဦးဇင်းဝေပုလ္လမှ ကုတင်ခြေရင်းရှိ အရိုး၆လက်မ၊အသွား ၁၁လက်မ၊ဗျက် ၁လက်မ ဓားချွန်ဖြင့် မျိုး၀င်း၏ ဝဲဘက်ရင်ညွှန့်အား ထိုးသွင်းခဲ့သဖြင့် အခင်းဖြစ်နေရာတွင်မျိုး၀င်း သေဆုံးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရသိရသည်။

သေဆုံးသူမျိုး၀င်း၏ရုပ်အလောင်းအား စစ်ကိုင်းခုတင်၂၀၀ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျုးလွန်သူ ဦးဇင်းဝေပုလ္လ(ခ)လှမျိုး (၄၉)နှစ်အား သိက္ခာချလူ၀တ်လဲ၍စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၅၅၄ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

Add a Comment

Your email address will not be published. Required fields are marked *