fbpx

ဘိုကလေးတွင် အသက် ၁၂နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ရာမှ မိဘများတိုင်မည်ပြောဆို၍ ရေနစ်သတ်


ဘိုကလေး၊ ဩဂုတ် ၁၃/၂၀၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ အသက် ၁၂နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ပြီး ရေနစ်သတ်မှု ဩဂုတ် ၁၁ ရက်နေ့က ဖြစ်ပွားကြောင်း သိရသည်။
ဘိုးကလေးမြို့နယ်၊ ကြိမ်းချောင်းအုပ်စုတွင် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှ ရဲတပ်ဖွဲ့ဝင်များထံ သတင်းပို့၍ ရဲတပ်ဖွဲ့ဝင်များအပါအဝင် ကျေးရွာသားများ လိုက်လံ ရှာဖွေကြကြောင်း ဆိုသည်။
ထိုသို့ရှာဖွေရာ ချောင်းအတွင်း လှေတစ်စီး မှောက်လျှက် တွေ့ရှိရကြောင်း စုံစမ်းရရှိ၍ သွားရောက်ကြည့်ရှုစဉ် ပျောက်ဆုံးနေသော အမျိုးသမီးငယ်အား တွေ့ရှိရပြီး ပြင်ပဒဏ်ရာ ရရှိခြင်းမရှိဘဲ သေဆုံးနေသဖြင့် ၎င်းအား ကြိမ်ချောင်းကြီးနယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၂၀)ဖြင့် အမှုဖွင့်၍ ကြိမ်ချောင်းကြီး တိုက်နယ်ဆေးရုံသို့ ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် တင်ပို့စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
ကြိမ်ချောင်းကြီး တိုက်နယ်ဆေးရုံမှ သေဆုံးနေသော အမျိုးသမီးငယ်တွင် မိန်းမအင်္ဂါအတွင်း လတ်တလော ထိုးသွင်းထားသည့် ဒဏ်ရာတွေ့ရှိကြောင်း၊ အဆုတ်တွင် ရေတွေ့ရှိသဖြင့်ရေမွန်းသေဆုံးခြင်းဖြစ်ကြောင်း မှတ်ချက် ပြန်လည်ပို့ဆောင်၍ သေဆုံးသူတွင် ဓမ္မတာ အတိုင်း သေဆုံးခြင်း မဟုတ်သဖြင့် ကြိမ်ချောင်းကြီး နယ်မြေ ရဲစခန်းမှ (ပ)၄၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၇၆/၃၀၂ဖြင့် အမှုဖွင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
မသင်္ကာကျူးလွန်သူ ရဲမင်းဦးအား အုပ်စုအုပ်ချုပ်ရေးမှူး နှင့် ရပ်မိ/ရပ်ဖ များရှေ့တွင် စစ်ဆေးရာ ၎င်းသည် ဩဂုတ် ၁၀ရက်နေ့ မွန်းလွဲ၃နာရီအချိန်ခန့်တွင် လယ်အတွင်း ပျိုးနှုတ်ပြီး နေအိမ်သို့ပြန်ရန် ၎င်း၏ တူမဖြစ်သူ အမျိုးသမီးငယ်အား လှေဖြင့် ချောင်းတစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးရန် ပြောဆို ခေါ်ဆောင်သွားကြောင်း၊ ချောင်းတစ်ဖက်ကမ်းသို့ သွားရောက်ခြင်းမရှိဘဲ ကျေးရွာ၏အရှေ့ဘက်(၁)မိုင်ခန့် ဒေါ်တင်အေးလယ်အနီး ဘင်္ဂလားချောင်းဖျား (အခင်းဖြစ်နေရာ)သို့ ၎င်းမှ လှော်ခတ်ခေါ်ဆောင် သွားခဲ့ကြောင်း၊ အခင်းဖြစ်နေရာအရောက်တွင် လှေအား ကမ်းစပ်သို့ထိုးကပ်ကာ ၎င်းမှ လှေပေါ်၌ပင်မဖွယ်မရာ ပြုလုပ်ခဲ့ပြီးနောက် အလိုမတူဘဲသားမယားပြုကျင့် ခဲ့စဉ် အော်ဟစ်ငိုယိုကာမိဘများအား တိုင်တန်းမည်ဟု ပြောဆိုပြီး ရုန်းကန်သဖြင့် ၎င်းမှ ရေထဲသို့ဆွဲချ၍ ဦးခေါင်းအား လက်ဖြင့်ဖိပြီး ရေနစ်သတ်ခဲ့ပြီး ချောင်းအတွင်း၌ပင် ထားခဲ့ကြောင်း၊ ထို့နောက်ယူဆောင် လာသောလှေအား ရေထဲသို့ နစ်မြုတ်ကာ ၎င်းမှနေအိမ်သို့ ပြန်သွားခဲ့ပြီးရေမိုးချိုးကာ ညအိပ် ခဲ့ကြောင်း၊ ယနေ့မှ ကြိမ်ချောင်းကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာလူကြီးများရောက်လာပြီး ဖမ်းဆီးခံခဲ့ရကြောင်း ထွက်ဆိုခဲ့တယ်ဟု စုံစမ်းသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ရဲမင်းဦး ၂၇ နှစ် အား ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဦးပြုံး(နိုင်ငံမျက်လုံး)
Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *