ကျောက်တော်မြို့မရဲစခန်းမှူးအား AA အကြမ်းဖက် သောင်းကျန်းသူများမှ ရဲစခန်း ရှေ့တွင်ပင် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် စခန်းမှူးအသက်ဆုံးရှုံးခဲ့ရ
|ဩဂုတ် – ၁၂
ကျောက်တော်မြို့မရဲစခန်းမှူးအား AA အကြမ်းဖက်သောင်းကျန်းသူများမှ ရဲစခန်းရှေ့တွင်ပင် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ရဲမှူးအသက် ဆုံးရှုံး ခဲ့ရကြောင်း ကျောက်တော် မြို့မရဲစခန်းမှ တာဝန်ရှိသူများထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ ၂၀၂၀ခုနှစ်၊ သြဂုတ်လ၊ ၁၂ ရက်နေ့ ညပိုင်း ၇ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ကျောက်တော်မြို့မရဲစခန်းရှေ့ရှိ လက်ဖက်ရည် ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“၇ နာရီ ၄၅ လောက်မှာဖြစ်သွားတာ၊ ကျနော်တို့လည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အချိန်မှာ သေနတ်သံ (၃)ချက်ကြားလို့ ပြေးကြည်မှ ရဲစခန်းမှူးကို AA ကအဖွဲ့တွေ အနီးကပ် လုပ်ကြံသွားမှန်းသိရတာ၊ ပစ်တဲ့သူတွေကတော့ ရပ်ကွက်ထဲပြေးဝင် သွားတယ်လို့ကြားတယ်၊ လုပ်ကြံသူ (၄) ယောက်လို့ သိရတယ်၊ ရဲစခန်းမှူးက ဆေးလိပ်ဝယ်နေတုန်း အခုလို လုပ်ကြံပစ်သတ်သွားတာ” ဟု လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ဒေသခံ ဦးစောလှမောင်က ပြောသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ကြံတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့မ ရဲစခန်းမှူးမှာ ဦးခေါင်းနှင့် ညာဘက်ခါးတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း ကျောက်တော်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြု ပြောဆိုသည်။
ကျောက်တော်မြို့မရဲစခန်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများအား ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို မကျေနပ်၍ ယခုလို AA အကြမ်းဖက် သောင်းကျန်းသူများမှ အရပ်သားအယောင်ဆောင်၍ လုပ်ကြံတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။.
May Yu Htar Nay