အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး COVID-19 ကူးစက်ခံရ

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ဒီဝိုင်းက သူ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အသိပေးလိုက်ပါတယ်။

အခုအခါ ကိုလံဘတ်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ ပြန်ပြီး ကွာရန်တင်းဝင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

သူ့အနေနဲ့ လက်ရှိအချိန်မှာတော့ ရောဂါလက္ခဏာတွေမခံစားရသေးဘူးလို့သိရပြီး သူ့ရဲ့ ဇနီးဖြစ်သူလည်း မကြာခင် ရောဂါပိုးရှိမရှိ စစ်ဆေးသွားမယ် လို့ သိရပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ဒီဝိုင်း အနေနဲ့ ကြာသပတေးနေ့မှာ အိုဟိုင်းယိုးပြည်နယ်ကို လာမယ့် သမ္မတ ထရန့် ကို သွားကြိုဖို့ နဲ့ သမ္မတနဲ့အတူ ပြည်နယ်တွင်း ခရီးစဉ်မှာလိုက်ပါဖို့ အခုလိုရောဂါပိုးရှိမရှိစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

Aire Force One ဆိုက်မယ့် ကလိဗ်လန်လေဆိပ် ကို မသွားမီ အဖြေကိုသိရှိခဲ့လို့ ထရန့်ရဲ့ခရီးစဉ်မှာလိုက်ပါခဲ့ခြင်းမရှိပါဘူး။

သမ္မတ ဒေါ်နယ်ထရန့်ဟာ ကြာသပတေးနေ့မှာ အိုဟိုင်းယိုးပြည်နယ်က Whirlpool ကော်ပိုရေးရှင်းကိုသွားရောက်ပြီး သူ့ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကို ပြောကြားခဲ့ကာ ရန်ပုံငွေပွဲတစ်ခုကိုလည်းတက် ရောက်ခဲ့ပါတယ်။

မိုက်ရဲ့ လက်ထောက် ပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူး လည်း Covid-19 စစ်ဆေးခဲ့ပြီး ရောဂါပိုးမရှိကြောင်း ထွက်ပေါ်တယ်လို့ သိရပါတယ်။

အိုဟိုင်းယိုးပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး နေ့စဉ် လူတစ်ထောင်ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတာဖြစ်ပါတယ်ဩဂုတ်လ(၅)ရက်အထိ ပြည်နယ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၉၇၄၇၁)ဦးရှိပြီး သေဆုံးသူ (၃၆၁၈) ဦးရှိထားပါတယ်။

အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်အများဆုံးကူးစက်ခံထားရတဲ့နိုင်ငံဖြစ်ပြီး ဩဂုတ်လ (၆)ရက်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၅)သန်းကျော်ရှိထားကာ သေဆုံးသူ တစ်သိန်းခြောက်သောင်းကျော် ရှိနေပါတယ်။

ပိုးတွေ့လူနာတွေရဲ့ တဝက်ဖြစ်တဲ့ (၂)သန်းခွဲကျော် က သက်သာပျောက်ကင်းသွားပြီဖြစ်ပေမယ့် ဩဂုတ်လ (၆)ရက်နေ့ တစ်ရက်ထဲမှာပဲ ရောဂါပိုးအသစ် တွေ့သူ (၅၄၄၁၀)ဦး နဲ့ သေဆုံးသူ (၁၁၀၃)ဦး ရှိနေဆဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *