fbpx

မကွေးတိုင်းတွင် လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်


မကွေးတိုင်းအတွင်းမှာ ​ သြဂုတ် ၃ ရက်နေ့ကမိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့လို့ အောင်လံမြို့နယ် လက်ပံခုန်ကျေးရွာမှာ တောင်ကျချောင်းရေကျပြီး နေအိမ် ၃၃ လုံး တစိတ်တပိုင်း ပျက်စီးကာ နေအိမ် ၁၉ လုံး ချောင်းရေနဲ့ မျောပါသွားခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူ တဦးကပြောပါတယ်။

ဒါ့အပြင် တောင်ကျချောင်းရေနဲ့ လူ ၅ ဦးမျောပါခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့မှာ ၄ ဦးပြန်လည် ဆယ်ယူနိုင်ခဲ့ကာ သြဂုတ်လ ၄ ရက်နေ့မနက်ပိုင်းက တစ်ဦး ပြန်တွေခဲ့လို့  အားလုံး အသက်ရှင်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်းက မြို့နယ် (၇)မြို့ နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့လို့ လူဦးရေ ၁၉၀၀ ကျော် ရေဘေးသင့်ကာ နေအိမ် ၈၁၀ ပြောင်းရွှေ့ထားရပါတယ်။

ရေဘေးသင့်ပြည်သူတစ်ဦးစီကို ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ တစ်ပတ်စာ ဆန်ရိက္ခာဖိုး ကျပ် ၂၁၀၀ နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲ့နေအိမ်တွေကို အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၃၀၀၀ နှုန်းနဲ့ ရေထဲမျောပါ ပျက်စီးတဲ့နေအိမ်တွေအတွက် ကျပ် ၁ သိန်းနှုန်း အစိုးရက ထောက်ပံ့ပေးထားပါတယ်။

သတင်း-မင်းထီး

Add a Comment

Your email address will not be published. Required fields are marked *