ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီး လမ်းချော်တိမ်းမှောက် လူ(၂)ဦးသေဆုံး
|၃.၈.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆)အနီးတွင် မော်တော်ယာဉ်(၁)စီးသည် လမ်းချော်၍ လမ်းလယ်ကျွန်းအားကျော်တက်ကာ ဘယ်ရီယာတုံးများအား ဝင်တိုက်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းနယ်မြေမီးသတ်စခန်းနှင့် ပြင်စည်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး အနက် ကျား(၁)ဦး၊ မ(၂) ဦး (သေဆုံး)နှင့် ကျား(၁)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာရရှိတို့အား တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
သတင်း – MFSD