ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး
|ကံမ-ဩဂုတ်-၂-၂၀၂၀
မကွေးတိုင်း ၊ကံမမြို့နယ် အလယ်ချောင်းကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၆နှင့်၁၄၇/၇အကြား ရပ်ထားတဲ့အိမ်စီးကားပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံးနေတာကို ဇူလိုင်၁ရက်ည၇နာရီခန့်မှာတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတလည်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းဖြစ်ပြီးယာဘက်နားသွေးယိုစီးဒဏ်ရာရထားပါတယ်။ သူနဲ့အတူ ဝက်ဘလေအမျိုးအစားခြောက်လုံးပြူးတလက် ကျည်၄တောင့်အခွံ၂တောင့်တွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ အမှု့နဲ့ပတ်သက်ပြီး အလယ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြောတာက “ကျနော်နွားကျောင်းအပြန်လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားတဲ့ကလေးချင်းပြောသွားတာ အဲဒီကားက မနက်ကတည်းကရပ်ထားတာ အခုလည်းရပ်ထား တုန်းဘဲလို့ ပြောတာကြားလို့ အုပ်ချုပ်ရေးမှူးတာဝန်ရှိနေတော့ ရာအိမ်မှူးနဲ့အတူသွားကြည့်တာ ကားနားမကပ်ရဲဘဲ ဗိုလ်ကြီးကိုအကြောင်းကြားလိုက်တာ ရဲရောက်လာတော့ သူတို့က ခရိုင်ကိုအကြောင်းကြား ပြီးမှန်ခွဲပြီးကြည့်တော့သေနေတယ် ဆေးရုံပို့လို့ရောက်မှသေနတ်ဒဏ်ရာတွေ့ရတာ”လို့ပြောပါတယ်။
ကြို့ပင်တိုက်နယ်ကားလမ်းမရွာတချို့ကတော့ ကိုယ့်ကိုကိုယ်သတ်သေတာလား လုပ်ကြံခံရတာလား အမျိုးဝေဖန်ပြောဆိုနေမှု့တွေနဲ့ပတ်သက်လို့ကြို့ပင်နယ်မြေရဲစခန်းကိုသွားရောက်စုံစမ်းရာမှာတော့” အထက်လူကြီးအမိန့်မရှိရင်ပေးလို့မရဘူးပြောလို့မရဘူးလို့တာဝန်ကျရဲအရာရှိဟုယူဆရသူတဦးကပြောပါတယ်။
”ကားကလော့ချထားတယ်သော့ကတန်းလန်း သော့မပါဘဲအပြင်ကလော့ချမရဘူးလို့သိရတယ်ကျည်ခွံ၂တောင့်က တတောင့်ကစမ်းတယ်နဲ့တူတယ် ကားနောက်ခန်းထဲမှာအဖူးတခုတွေ့တယ်ခေါင်းပေါက်ထွက်ပြီးမှန်ကိုမပေါက်နိုင်လို့နောက်ခန်းကိုကျတယ်နဲ့တူတယ်”လို့အုပ်ချုပ်ရေးမှူးကသုံးသပ်ပါတယ်။
သေဆုံးသူကို ကြို့ပင်တိုက်နယ်ဆေးရုံတွင် စစ်ဆေးပြီး ပေါင်းတလည်မြို့က နာရေးယာဥ်တစီး လူနာတင်ယာဥ်တစီးတို့နဲ့ ညတွင်းခြင်းပြန်လည်သယ်ဆောင်သွားတယ်လို့သိရပါတယ် ။
ဂျန်ကိုးလ်(VOM)