ပထဝီနိုင်ငံရေးရဲ့ အကျိုးဆက်ကြောင့် အမေရိကန် နှင့် တရုတ်အားပြိုင်မှုကြားက ဒို့ပြည်ထောင်စု

မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး(Geopolitics) အရ အရေးပါနေတယ်ဆိုတာ တော့ အတော်များများသိနေတာကြာခဲ့ပါပြီ။ သို့သော်လည်း ကွဲကွဲပြားပြား၊ ထင်ထင် ရှားရှား ပေါ်ထွက်လာတာတော့ အခုလိုအမေရိကန်နဲ့ တရုတ်သံရုံးတို့က သံရုံး Official Page တွေမှာ အတိအလင်းရေးသားထိုးနှက်တိုက်ခိုက်ကြတဲ့ အခါကြမှသာ ကွဲကွဲ ပြားပြား၊ ထင်ထင်ရှားရှား သက်သေခံနေတာဖြစ်ပါတယ်။
အပြန်အလှန်ပေါ်တင် ရေးသားတိုက်ခိုက်ကြတာတွေဟာ မဂ္ဂဇင်းတစ်ခုက ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ရေးသားတာမျိုးမဟုတ်ဘဲ သံရုံးတာဝန်ရှိသူတွေက ရေးသားတဲ့ State Policy စာသား တွေဖြစ်နေတာတွေ့ရတယ်။
သံရုံးအကြီးအကဲတိုင်းက နိုင်ငံကိုကိုယ်စားပြုတဲ့ အကြီးအကဲ တွေဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့အမေရိကန် အစိုးရတို့ရဲ့ တရားဝင် အာဘော်တွေဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။
ဖြစ်စဉ်ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲပြစ်တင်ကြတဲ့ ရေးသားချက် တွေကို သူတို့ရဲ့ သံရုံး Facebook စာမျက်နှာတွေက ထုတ်ပြန်ခဲ့ကြ
တာဖြစ်ပါတယ်။
အမေရိကန်စွပ်စွဲချက်ကို ပြန်ကြည့်မယ်ဆိုရင်
တရုတ်အစိုးရဟာ မြန်မာနယ်စပ်က ဗကပသောင်းကျန်းသူတွေကိုလက်နက်တပ်ဆင်ပေးတာတွေ၊ အခါတော်ပေးတာတွေ လွန်ခဲ့တဲ့နှစ် ၃၀ လောက်ကတည်းက လုပ်နေတယ်။ အခုလည်း KIA ၊ MNDAA ၊ UWSA ၊ AA ၊ TNLA တို့ကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်။ ရင်းနှီးမြှုပ်နှံမှုမှာလည်း သဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်း၊ ကြေးနီစီမံကိန်းတွေလုပ်နေပြီး ချေးငွေတွေကိုလည်း အတိုးများစွာနဲ့ ချေးပေးနေတယ်။
မြေအောက်သယံဇာတတွေကိုလက်ဝါးကြီးအုပ်ထားတဲ့အပြင် တစ်ရှူးငှက်ပျောစိုက်တာကြောင့် မြေဆီလွှာပျက်စီးစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေတယ်။
မူးယစ်ဆေးဝါးတွေကိုလည်း တရုတ်နိုင်ငံသားတွေက ချက်လုပ်ရောင်းချ တာတွေအပြင် လူကုန်ကူးတာတွေကို ပြုလုပ်နေတာက တရုတ်တို့အတွက် မငြင်းနိုင်တဲ့ အထောက်အထားတွေဆိုပြီး စွပ်စွဲထားပါတယ်။
မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေ ပြန်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့လည်း ၁၉၆၇ ခုနှစ်၊ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကစပြီး ပေါ်ပေါက်လာခဲ့တဲ့ ဗကပ လက်နက်ကိုင်အင်အားစုကြီးကိုအသက်ပေါင်းများစွာပေးဆပ်ပြီး နိုင်ငံရဲ့ပိုင်နက်နယ်မြေပါမသွားအောင် ကာကွယ်ခဲ့ရ ပါတယ်။အခုလည်းတိုင်းရင်းသားအမည်ခံသောင်းကျန်းသူပေါင်းစုံနဲ့ရင်ဆိုင်နေရဆဲ၊နိုင်ငံရဲ့နယ်မြေပဲ့မထွက်သွားအောင် ကာကွယ်နေရဆဲဖြစ်တယ်ဆိုတာ လက်တွေ့ပါဘဲ။
တရုတ်ရဲ့စွပ်စွဲချက်ကိုပြန်ကြည့်မယ် ဆိုရင်လည်း
အမေရိကန်ကို ပြန်ကြည့်လိုက်ရင်လည်း ဒုတိယကမ္ဘာစစ်၊ မြန်မာပြည်တိုက်ပွဲစဉ်(BurmaCampaign)ကာလ
မှာကတည်းက မြန်မာနိုင်ငံကောင်းစားဖို့အတွက် ဝင်ရောက် လာခြင်းမျိုးမဟုတ်ဘဲ ကူမင်တန်တရုတ်တပ်တွေနဲ့အတူ ဂျပန်တပ်တွေကိုတိုက်ထုတ်ရန်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။
၁၉၅၀ ခုနှစ်ဝန်းကျင်မှာ တရုတ်ဖြူ(ကူမင်တန်)တပ်တွေကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေချနိုင်ရေးအတွက် ထောက်ပံ့ပေးတာတွေကို ကုလ သမဂ္ဂ(UN)မှာ ဖြေရှင်းခဲ့ရတယ်။
၈၈ အရေးအခင်းမှာ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကို အခွင့်ကောင်းယူထိန်းချုပ်ဖို့ ကြိုးစားတာတွေ၊ လေယာဉ်တင်သင်္ဘောနဲ့ မြန်မာ့ ရေပိုင်နက်အတွင်း ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာခဲ့ပါတယ်။
အမေရိကန်၊ CIA နဲ့ အပေါင်းအပါ အင်္ဂလန်က MI(6) စတဲ့ထောက်လှမ်းရေးမျိုးစုံဟာလည်း မြန်မာပြည် မှာ ခြေချင်းလိမ်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေ၊ NGO/INGO တွေကလည်း အဖြူ မြင်ရင် အမြီးနန့်နေပြီး ခိုင်းဖတ်ဖြစ်ရတာဂုဏ်ယူနေအောင် ဒေါ်လာနဲ့မျှားပြီး ကိုယ့် နိုင်ငံကိုနည်းမျိုးစုံနဲ့ဖျက်စီးမယ့် ပုဆိန်ရိုးတွေ မွေးထုတ်နေတယ်ဆိုတာတွေကို တရုတ် က ပြန်ပြီးစွပ်စွဲပြန်ပါတယ်။
မမှန်ဘူးလားဆိုတော့ မှန်နေပြန်တယ်။
ဒါ့အပြင် အမေရိကန်ဟာ ဘင်္ဂါလီအရေးကိစ္စတွေကို ရိုဟင်ဂျာခေါင်းစဉ်တပ် ပြီး နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နယ်မြေသတ်မှတ်ပေးဖို့ ကိုယ်တိုင် ဖိအားပေးမှုမျိုးစုံ လုပ်လာသလို UN ကတစ်ဆင့်၊ ICC ၊ ICJ ကတစ်ဆင့် ဖိအားပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ အကျပ်ကိုင်လာခဲ့ပါတယ်။
ဘူးသီးတောင်- မောင်တောနယ်မြေကို ဘင်္ဂါလီနယ်မြေ အဖြစ်ဖဲ့ထုတ်ပြီးနိုင်ငံတော်ရဲ့ပိုင်နက်နယ်မြေကပဲ့ထွက်သွား
ဖို့လုပ်နေတာမျက်ဝါးထင်ထင်တွေ့မြင်လာရပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ အနုနည်း၊ အကြမ်းနည်းတွေနဲ့ တိုက်ခိုက်မှု တွေဟာ ယခုအခါမှာ ပိုပြီး မြန်မာ့မြေပေါ်မှာ ပြောင်ပြောင်တင်းတင်း ဖြစ်လာခဲ့ပါပြီ၊
နှစ်ဘက်စလုံးကတပ်မတော်ကိုပါပစ်မှတ်ထားဦးတည်လာ
နေပါတယ်။
အမေရိကန်ကလည်း သူလက်သပ်မွေးထားတဲ့ ပုဆိန်ရိုးပါတီတွေ၊ NGO အုပ်စုတွေဟာ တပ်မတော်ကို မုဒိမ်းမှု၊ လူသတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်အာဏာရှင် စတဲ့စွပ်စွဲချက်တွေနဲ့ UN ကတစ်ဆင့် စုတ်ပြတ်သွားအောင်၊ တိုင်းပြည်ကာကွယ်ရေးကို ချည့်နဲ့သွားအောင် တိုက်ခိုက်နေပေမဲ့လည်း တပ်မတော်ကတော့ တိုင်းပြည်ပြိုကွဲမည့်အရေး၊ မိမိတို့၏ နယ်နိမိတ်ထိပါးခံရမယ့်အရေးဆိုရင် ဘယ်လိုနည်းနဲ့မဆို ကာကွယ်ရမှာဖြစ်တယ်။
အခုတော့ အင်အားကြီး ၂ နိုင်ငံဟာ
ဟန်မဆောင်နိုင်ကြတော့ဘဲ မျက်နှာဖုံးတွေခွာချပြီး မြန်မာနိုင်ငံရဲ့ Geopolitics အရ အရေးပါမှုတွေကြောင့် ပြောင်ပြောင်တင်းတင်း မြန်မာ့ မြေပေါ်မှာ တစ်ဖက်နှင့်တစ်ဖက် လက်ညိုးငေါက်ငေါက်ထိုးပြီး ဝင်ရောက်စွက်ဖက် နေကြတာတွေ၊ လွှမ်းမိုးဖို့ ကြိုးစားနေတာတွေဖြစ်လာပါပြီ။
ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လိုပြောင်းပြောင်း ပါ။
တပ်မတော်ကတော့ ဘယ်သူ့လွှမ်းမိုးမှုကိုမှမခံဘဲ နိုင်ငံတော် ဖရိုဖရဲမဖြစ်ဖို့နဲ့ အများပြည်သူရဲ့ အကျိုးစီးပွားကိုသာကြည့်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ကောလဟလစတဲ့ဘက်ပေါင်းစုံကထိုးနှက်မှုတွေကို ရင်ဆိုင်ဆဲပါဘဲ။
Ye Myo Sitt
24 july 2020

Add a Comment

Your email address will not be published. Required fields are marked *