COVID-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် လိုက်နာရမည့်အချက်များကို ကျန်းမာရေးဝန်ကြီးသတိပေး

COVID-19 ကူးစက်မှု  ဒုတိယလှိုင်း မဖြစ်စေရန် ပြည် သူများ အချက်လေးချက်လိုက် နာရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာမြင့်ထွေးက  သတိ ပေးသည်။ အဆိုပါ အသိပေးပန်ကြား ချက်ကို ဇူလိုင် ၄ ရက်တွင် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ COVID-19 ကူးစက်မှု ဒုတိ ယလှိုင်းမဖြစ်စေရန် ပြည်သူများ ၏ အခန်းကဏ္ဍသည် လွန်စွာအ ရေးကြီးသဖြင့် ပြည်သူတစ်ဦးချင်း အနေဖြင့် အောက်ပါအချက်လေး ချက်ကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် ပန်ကြားထား သည်။ ယင်းတို့မှာ တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ သွားလာခြင်းမပြုရန်၊  တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ  ခပ်ခွာခွာနေထိုင်ပြီး ဖြစ်နိုင်ပါက  အနည်းဆုံး ခြောက်ပေအကွာမှ သာ နေထိုင်ပြောဆိုဆက်ဆံကြ ရန်ဖြစ်သည်။  ထို့အပြင် အပြင်ထွက်တိုင်း နှင့် လူစုလူဝေးရှိသည့်နေရာများ သို့ သွားသည့်အခါတိုင်း ပါးစပ် နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ကြ ရန်နှင့် လက်တွင်ကပ်ပါလာနိုင် သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေ ရန် လက်ကို ဆပ်ပြာနှင့်ရေအသုံး ပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာ ဆေးကြောရန်တို့ဖြစ်သည်။ ထိုသို့ လိုက်နာဆောင်ရွက် ခြင်းဖြင့် ပြည်သူတစ်ဦးမှ တစ်ဦး၊ တစ်အိမ်မှ တစ်အိမ်၊ ရပ်ကွက် တစ်ခုမှ တစ်ခု၊ မြို့နယ်တစ်ခုမှ တစ်ခု၊ တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုမှ တစ်ခုသို့ ရောဂါမဖြစ်ပွား ရေးအတွက်  ကူညီရာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြော သည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *