ကိုဗစ်ကာကွယ်တုံ့ပြန်ရေးအတွက် အရေးပေါ်ပစ္စည်းများ WFP က ကိုးကြိမ်မြောက်ပေးပို့

ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ် (WFP) က စီစဉ်သည့် လူသားချင်းစာနာမှု အထူးလေယာဉ် များအနေဖြင့် မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်တုံ့ပြန်ရေး အရေးပေါ်ပစ္စည်းမက်ထရစ်တန် ခြောက်တန်ကျော်ကို သယ်ယူပို့ဆောင် ပေးပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ရုံးက ထုတ်ပြန်သည်။

မလေးရှားနိုင်ငံမှ အပတ်စဉ်‌ပြေးဆွဲ‌နေသည့် လူသားချင်းစာနာ မှု လေကြောင်းခရီးစဉ်သည် ရန်ကုန်မြို့ကို နဝမကြိမ်မြောက် အဖြစ် ယမန်နေ့က ဆိုက်ရောက် ခဲ့သည်။ ယင်းလေယာဉ်နှင့်တူ  အဖွဲ့အစည်း ငါးဖွဲ့က ကျွမ်းကျင်ပညာ ရှင်များ၊ ဝန်ထမ်းများ လိုက်ပါလာကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ ထို့အပြင် WFP အနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ လုပ်ငန်းတွင် အသုံးပြုနိုင်ရန် ပိုး သတ်ဆေးများနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများကို သယ် ဆောင်လာသည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလကစတင် ကာ ရန်ကုန်မြို့နှင့် နိုင်ငံတကာကို ချိတ်ဆက်ပေးနေသည့် WFP လေယာဉ်များအနေဖြင့် နိုင်ငံအတွင်း COVID-19 တုံ့ပြန်ရေးလုပ်ငန်း များအတွက် အရေးပါသည့်ပစ္စည်းစုစုပေါင်း မက်ထရစ်ခြောက်တန် ကျော်ကို သယ်ဆောင်ပေးနိုင်ခဲ့ပြီး ယင်းအနက် COVID-19 စမ်းသပ်ရေးကိရိယာများ၊ ဆေးပစ္စည်း တွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ နှင့် တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံများ ပါဝင်သည်ဟု ကုလ က ဆိုသည်။

ထို့အတူ နိုင်ငံအတွင်း လူ သားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများအတွက် ကျွမ်းကျင်ပညာရှင်နှင့် ဝန်ထမ်း  စုစုပေါင်း ၁၄၀ ကျော်ကိုလည်း သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြ သည်။

WFP အ‌နေဖြင့် နိုင်ငံတကာ စီးပွားဖြစ်လေကြောင်းလိုင်းများ ပြန်ပြီး လည်ပတ်မလာနိုင်ခင်အ ထိ  ထောက်ပံ့ပို့ဆောင်ရေး ဝန် ဆောင်မှုကို ဆက်လက်ပေးအပ် မည်ဟု ဖော်ပြသည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *