လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ် ကြေညာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ်(၁၁၅/၂ဝ၂ဝ)
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း  ၁၂  ရက် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ  ၁  ရက်)
လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ် ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)  ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁ဝ ပါ  တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ)နှင့် နည်းဥပဒေ  ၁၆(က) တို့အရ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း  သတ်မှတ် ကြေညာလိုက်သည်။
(လှသိန်း)ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Add a Comment

Your email address will not be published. Required fields are marked *