တာချီလိတ်၌ မိုးကြိုးပစ်၍ ကျွဲကျောင်းနေသည့် အမျိုးသားတစ်ဦး သေဆုံး

ဓာတ်ပုံ – မယ်ခေါင်သတင်း

တာချီလိတ် ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာ၊ လယ်ကွင်းအတွင်း၌ မိုးကြိုးပစ်၍ ကျွဲကြောင်းနေသည့် အမျိုးသား တစ်ဦး ဇွန် ၃၀ ရက်ညနေပိုင်းက သေဆုံးသည်။

ဇွန် ၃၀ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာ၊ လယ်ကွင်းအတွင်း၌ မိုးကြိုးပစ်၍ အမျိုးသား တစ်ဦးသေဆုံးကြောင်း သတင်းအရ ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မင်းမင်းအောင်နှင့် တာဝန်ရှိ သူများသည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးအင်းဖျန်း (၅၆နှစ်)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာနေသူဖြစ်ပြီး ရွာ၏အရှေ့ဘက် လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် မိုးရွာပြီး မိုးကြိုးထိမှန်ကာ မီးလောင် ပေါက်ပြဲဒဏ်ရာများရရှိသေဆုံးခဲ့ပြီး တာချီလိတ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

”ဝမ်ကောင်းမွန်ကျေးရွာအရှေ့ဘက် လယ်ကွင်းထဲမှာ နွားလံနေတာ နွားကြိုးဖြုတ်ပြီး ရွှေ့လာရင်း မိုးကြိုးထိမှန်ပြီး သေဆုံးသွားတာ ပြည်သူ့ဆေးရုံ ဆရာဝန်စစ်ဆေးချက်ကတော့ နှလုံးပေါက်ထွက်သေဆုံးတယ်လို့ အတည်ပြုထားပါတယ်” ဟု ဟောင်လိတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အမှုမှ ဦးအင်းဖျန်း မိုးကြိုးထိမှန် သေဆုံးခြင်းနှင့်ပတ်သက်၍ ဟောင်လိတ်နယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *