အမည်ပြောင်း၊နေရပ်ပြောင်းအတွက် ၊နယ်ဝင်/နယ်ထွက် ဆောင်ရွက်မှု ပိုင်ရှင်ကိုယ်တိုင်လာစရာမလိုတော့

ယာဉ်ပိုင်ရှင်များခရီးလွန်ယာဉ်စစ်ရာတွင် အဆင်ပြေလွယ်ကူမြန်ဆန်စေရေးအတွက် ခရီးလွန်ယာဉ်စစ် သည့်ရုံးများမှ နိုင်ငံသားစိစစ်ရေးကတ် မစစ်တော့တဲ့အတွက် ယာဉ်ပိုင်ရှင်များ အဆင်ပြေကြောင်း သိရှိရ၍ ပီတိဖြစ်မိပါတယ်။

ယခုအမည်ပြောင်းဆောင်ရွက်ရာတွင် COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေး မဖြစ်စေဖို့၊ အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်တွေကိုယ်တိုင်လာဖို့ အခက်အခဲဖြစ်နေတဲ့သူတွေ ပြေလည်စေဖို့နဲ့ ကျွန်တော်တို့ရုံးတွေလည်း လုပ်ငန်းမြန်ဆန်ဖို့ရည်စူးပြီး အမည်ပြောင်းပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက် ခြင်းကို ဖြေလျှော့ပေးမှာဖြစ်ပါတယ်၊။

ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်မှာ အခွန်စည်းကြပ်မှုခံယူ ပြီးကြောင်း

အခွန်ပုံစံမှာ အမည်ပေါက်ပေးဆောင်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊အိမ်ထောင်စုလူဉီးရေ စာရင်း(ပုံစံ-၁၀)မူရင်း၊အရောင်းအဝယ်စာချုပ်၊ပြည်တွင်းအခွန်မှာယာဉ်ဝယ်ယူခြင်းအတွက် အခွန်စည်းကြပ်မှု ခံယူပြီးကြောင်း အခွန်ပုံစံနဲ့ လုပ်ငန်းလာရောက်ဆောင်ရွက်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်မူရင်း တင်ပြပြီး ပိုင်ရှင်ကိုယ်တိုင်မလာရောက်စေတော့ဘဲ အမည်ပြောင်းမှုကို ၂၀၂၀၊ ဇူလိုင်လ(၁)ရက်နေ့စပြီး ရုံးများအားလုံး ဆောင်ရွက်တော့ မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အမည်ပြောင်းဆောင်ရွက်တဲ့ ယာဉ်ပိုင်ရှင်များဟာ အမည်ပြောင်းလဲဖို့ ပြည်တွင်းအခွန်များဉီးစီးဌာနမှာ မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် ကျသင့်တဲ့ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် အထောက်အထားများတင်ပြ၍ ကျသင့်အမည့် အခွန်ငွေများ ပေးသွင်းဆောင်ရွက် ခဲ့ပြီးသူများ ဖြစ်လို့ဖြစ်ပါတယ်။

နောက်ထပ်တစ်ခုအနေနဲ့လည်း အမည်ပြောင်းလို့ မူလရုံးကနေ နယ်ထွက်ဆောင်ရွက်ရတဲ့ ယာဉ် ပိုင်ရှင်တွေ နယ်ထွက်(၁)ကြိမ်၊နယ်ဝင်(၁)ကြိမ် သက်ဆိုင်ရာရုံးများကို သွားရောက်ဆောင်ရွက်နေလို့ အခက်အခဲဖြစ်နေတာတွေ တွေ့ရတဲ့အတွက် အမည်ပြောင်း၊နေရပ်ပြောင်းအတွက် ၊နယ်ဝင်/နယ်ထွက် ဆောင်ရွက်ရာမှာ လူစုလူဝေးမဖြစ်ဖို့၊ယာဉ်ပိုင်ရှင်တွေ လုပ်ငန်းလွယ်ကူစွာဆောင်ရွက်နိုင်ဖို့နဲ့ ကျွန်တော်တို့ ရုံးတွေ လုပ်ငန်းမြန်ဆန်ဖို့ ရည်စူးပြီး ပြည်နယ်၊ တိုင်းဒေသကြီးအတွင်း နေရပ်ပြောင်းလဲခြင်းကြောင့် မှတ်ပုံတင် ရုံး ပြောင်းရွှေ့ရရင် လိပ်စာပြောင်းရမယ့်ရုံးအသစ်ကို ထပ်သွားစရာမလိုတော့ဘဲ ကျွန်တော်တို့ရုံးတွေ အနေနဲ့သာ အမှုတွဲပေးပို့ပြီး ဆက်လက်ဆောင်ရွက်ပေးပါ့မယ်။

ပြည်နယ်တိုင်းကျော်လွန်ပြီး အမည်၊ နေရပ် ပြောင်းခြင်းကိုတော့ အရင်အတိုင်း ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ အလုပ်တွေ များလာပေမယ့် ပိုင်ရှင်တွေ အဆင်ပြေ လွယ်ကူလျှင် ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။

က.ည.န က ခေတ်စနစ်နဲ့အညီ ပြည်သူ တွေအဆင်ပြေစေဖို့ လျှော့ချပေးနိုင်တဲ့လုပ်ငန်းတွေ လျှော့ချပေးရင်း ပြည်သူကို ဗဟိုပြုပြီး အလုပ်တွေဆက်လုပ်နေရဉီးမှာပါ။

မလျှော့ချနိုင်သေးတဲ့၊ လျှော့ချလို့မရတဲ့ ဌာနရဲ့ဝန်ဆောင်မှု တွေကိုလည်း နားလည်ပေးဖို့ မေတ္တာရပ်ခံရင်းဌာနမှ လက်ရှိလျှော့ချပေးတဲ့ လုပ်ငန်းတာဝန်တစ်ချို့ကို ပြည်သူများသိရှိအောင် တင်ပြလိုက် ပါတယ်ခင်ဗျား………..

ကညန

Add a Comment

Your email address will not be published. Required fields are marked *