တောင်ထိပ်ပေါ်တက်ပြီး ခက်ခက်ခဲခဲ အင်တာနက်သုံးနေကြရသည့် ဘူးသီးတောင်မြို့က လူငယ်များ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်အတွင်း အင်တာနက်အပိတ်ခံထားရတဲ့  ဘူးသီးတောင်မြို့က လူငယ်တချို့ဟာ အင်တာနက်အသုံးပြုခွင့်ရဖို့ ပေ ၁၀၀ ကျော် ၂၀၀ နီးပါးမြင့်တဲ့တောင်ထိပ်တွေနဲ့ ဘုရားပုထိုးကုန်းတွေပေါ်တက်ပြီး  လိုင်းမိမယ့်နေရာကို ခက်ခက်ခဲခဲသွားရောက် ရှာဖွေအသုံးပြုနေ ကြရပါတယ်။

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာအစိုးရက အင်တာနက်ပိတ်ထား ဇွန်လ ၂၁ ရက်နေ့မှာ ၁ နှစ်ပြည့်ခဲ့ပြီး ဒေသခံတွေအပါအဝင် နိုင်ငံတကာက အင်တာနက် ပြန်လည်ဖွင့်ပေးရန်အ ကြိမ်ကြိမ်တောင်းဆိုထားပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ စစ်ဘေးရှောင်သောင်းချီခိုလှုံနေတဲ့ မြို့ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာရှိနေတာမို့ အစိုးရအနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေကြတယ်။

Photo – Kaung Mrat Naing / MPA

Add a Comment

Your email address will not be published. Required fields are marked *