ဗိုလ်ချုပ်သမီးကို ချစ်သည့်စိတ်ဖြင့် မဲပေးခဲ့သည့် ပြည်သူများ အညာခံလိုက်ရဟု ပြည်ခိုင်ဖြိုးပါတီပြော
|ထိုသို့ ပြောဆိုခြင်းမှာ ပြည်သူများကို အထင်သေးခြင်းဖြစ်ပြီး နိုင်ငံရေးအမြင်ကျဉ်းကြောင်း ဒီချုပ်တာဝန်ရှိသူ တုံ့ပြန်
ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် သတင်းထောက်များဖြေကြားနေစဉ် (ဓာတ်ပုံ – Ye Myo Khant/MPA)
‘‘ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ မဲ ဆွယ်တယ်။ ပြည်သူတွေက ဗိုလ် ချုပ်အောင်ဆန်းကို ချစ်ခင်လေး စားကြတယ်။ ဗိုလ်ချုပ်ပုံနဲ့ မဲ ဆွယ်တဲ့အခါမှာ ကိုယ်စားလှယ် ရဲ့ အရည်အသွေးကို ပြည်သူတွေ က မှန်မှန်ကန်ကန်မသိခဲ့ကြဘူး။ အခုလက်တွေ့ဖြစ်နေတာ ကြည့် လိုက်။ ပြည်သူက ဗိုလ်ချုပ်ကို သိတယ်။ ဗိုလ်ချုပ်သမီးကို သိ တယ်။ ကိုယ်စားလှယ်ကိုမသိဘူး။ ဖြစ်တဲ့ပြဿနာက ဗိုလ်ချုပ်သမီး ကိုချစ်တဲ့စိတ်နဲ့ မဲပေးခဲ့ကြတယ်။ ပြည်သူအညာခံလိုက်ရတယ်’’ ဟု ဒေါက်တာနန္ဒာလှမြင့်က ပြော သည်။
လက်ရှိတွင် နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးမရှိခြင်း၊ အခွန်များ တိုးသထက်တိုးလာ ခြင်း၊ ပြည်သူများအတွက်အကာ အကွယ်ပေးမှုများ လျော့နည်းလာ ခြင်း အစရှိသည်တို့ ဖြစ်နေခြင်း ကြောင့် အရည်အချင်းရှိသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် အရည်အချင်းရှိသည့်အစိုးရအဖွဲ့ဖြစ်လာဖို့လိုအပ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဗိုလ်ချုပ်ပုံနှင့် မဲဆွယ်ခြင်း ကိစ္စကို ဒေါက်တာနန္ဒာလှမြင့်၏ ဝေဖန်ပြောဆိုခြင်းနှင့်ပတ်သက် ပြီး ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာ အောင်ရှင်က ‘‘ဗိုလ်ချုပ်အောင် ဆန်းက အမျိုးသားခေါင်းဆောင် လေ။ တစ်နိုင်ငံလုံး၊ ပြည်သူတစ် ရပ်လုံးရဲ့ ခေါင်းဆောင်ပဲ။ သူက အားလုံးရဲ့ခေါင်းဆောင်ပဲ။ အ မျိုးသားခေါင်းဆောင်၊ လူထု ခေါင်းဆောင်ပဲ။ တခြားပါတီတွေ လည်းသုံးခွင့်ရှိတာပဲ။ မသုံးရဘူး လို့မပြောပါဘူး။ ကျွန်တော်တို့က မောင်ပိုင်စီးထားတာ မဟုတ်ပါ ဘူး။ အားလုံး သုံးလို့ရပါတယ်။ ဒီလိုရှင်းလင်း ပြောကြားတာက တော့ အဆင်မပြေဘူးထင်တယ်’’ ဟု ပြောဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်ပုံသုံးပြီးမဲဆွယ်ခြင်းကြောင့် ပြည်သူများ က ကိုယ်စားလှယ်လောင်းအရည်အချင်းမမြင်ဘဲ မဲပေးခြင်းဆို သည့် ပြောဆိုမှုနှင့်ပတ်သက်ပြီးအမြင်ကျဉ်းကြောင်း မုံရွာအောင် ရှင်ကပြောသည်။
‘‘အဲဒါက ပြည်သူလူထုကို အထင်သေးတာဗျ။ ပြည်သူလူထု က ဗိုလ်ချုပ်လည်းမြင်တယ်။ နိုင်ငံရေးပါတီလည်းမြင်တယ်။ အဲဒီနိုင်ငံရေးပါတီရဲ့ ခေါင်း ဆောင်ကိုလည်းမြင်တယ်။ ဗိုလ် ချုပ်အောင်ဆန်းကိုကြည့်ပြီး မဲ ပေးတာမဟုတ်ဘူး။ ကန့်ကွက်တဲ့ကိစ္စတွေက နိုင်ငံရေးအရ အမြင်ကျဉ်းတယ်လို့ ပြောချင်ပါတယ်’’ ဟု မုံရွာအောင်ရှင်က ပြောသည်။
လက်ရှိတွင် ကြံ့ခိုင်ရေးပါ တီအနေဖြင့် လာမည့်ရွေးကောက် ပွဲတွင် ဦးသိန်းစိန်ပုံဖြင့် မဲဆွယ် စည်းရုံးခြင်းပြုခြင်း၊ မပြုခြင်းကို မဆုံးဖြတ်ရသေးကြောင်း ဒေါက် တာနန္ဒာလှမြင့်က ပြောသည်။
‘‘ဦးသိန်းစိန်က အမျိုးသား ခေါင်းဆောင်မဟုတ်ဘူး။ သမ္မတ ကြီးဦးသိန်းစိန်ကို ချစ်ခင်နှစ်သက် တဲ့သူတွေက ပါတီကို မဲထည့်ချင် ထည့်လိမ့်မယ်။ အဓိကပြောချင် တာက ဒေသမှာရှိတဲ့ ကိုယ်စား လှယ်ရဲ့ အရည်အသွေးနဲ့ပဲ မဲ ဆွယ်မယ်’’ ဟု ဒေါက်တာနန္ဒာ လှမြင့်က ပြောသည်။
လာမည့် အထွေထွေရွေး ကောက်ပွဲအတွက် ရွေးကောက်ပွဲ ဆိုင်ရာကျင့်ဝတ်ကို ခုနစ်လ ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ပြီး နောက် ဇွန်လ ၂၆ ရက်တွင် နိုင်ငံ ရေးပါတီများ သဘောတူလက် မှတ်ရေးထိုးပွဲအခမ်းအနား ကျင်း ပခဲ့သော်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သမိုင်းဝင်ပုဂ္ဂိုလ် များ၏ ရုပ်ပုံများသုံးစွဲခြင်းမပြုရန် တားမြစ်ချက် ပါဝင်လာခြင်းမရှိဟု ဆိုကာ ပြည်ခိုင်ဖြိုးပါတီအပါအ ဝင် ပါတီအချို့က ရွေးကောက်ပွဲ ဆိုင်ရာကျင့်ဝတ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။
သတင်း – ဝဏ္ဏအောင်(7days)