အက်ဆစ်နဲ့ မပက်ခဲ့ဘူးလို့ ပြောကြားခဲ့တဲ့အပေါ် အိမ်အကူမိန်းကလေးရဲ့ ပြောဆိုချက် (ရုပ်သံ)
|အက်ဆစ်နဲ့ မပက်ခဲ့ဘူးလို့ ပြောကြားခဲ့တဲ့အပေါ် အိမ်အကူမိန်းကလေးရဲ့ ပြောဆိုချက် (ရုပ်သံ)
|(ရုပ်သံဖိုင်ကို အောက်တွင် ကြည့်ရှုပါရန်)
မင်းရာဇာ၏ အိမ်အကူ မိန်းကလေးဖြစ်သူ Grace ၏ ပြောဆိုချက်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်မင်းရာဇာဟာ ပြီးခဲ့တဲ့ရုံးချိန်းမှာ အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ မပက်ခဲ့ဘူးလို့
သတင်းမီဒီယာတွေကိုပြောကြားခဲ့တဲ့အပေါ် အိမ်အကူမိန်းကလေး Grace က သူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို အခုလို ပြောပြခဲ့ပါတယ်။သိန်း ၁၀၀ ငွေညှစ်တောင်းဆိုတာမျိုးမရှိခဲ့ဘူးလို့လည်း အိမ်အကူမိန်းကလေး Grace ရဲ့မိခင်ဖြစ်သူကပြောပြပါတယ်။
မင်းရာဇာရဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အချက်ကြောင့် အမှုဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိနိုင်ဘူးလို့တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။
သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဟာ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ အပြင်းအထန်ပူလောင်စေမှု ပုဒ်မ၃၂၄၊လက်ရောက်ကျူးလွန်မှု ပုဒ်မ၃၅၄၊ အားပေးကူညီမှု ပုဒ်မ၁၁၄၊ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
ရုပ်သံဖိုင်ကြည့်ရန်