fbpx

ထိုင်းနိုင်ငံမှ ပြန်ဝင်လာပြီး အသွားအလာကန့်သတ်စောင့်ကြည့်မှု ၂၁ ရက် မခံယူလို၍ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းဝင်လာသူနှစ်ဦး ထောင်ဒဏ် လေးလစီ ချမှတ်ခံရ

ထိုင်းနိုင်ငံမှ ပြန်ဝင် လာသော်လည်း ကိုဗစ်ရောဂါ စောင့်ကြည့်မှု ၂၁ ရက်မခံယူလို၍ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်း ဝင်လာသူနှစ်ဦးကို မြဝတီမြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ထိန်းသိမ်းကာ တရားရုံးတင်စစ် ဆေးပြီးနောက် ထောင်ဒဏ်လေး လစီ ချမှတ်လိုက်သည်။

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံ ဘက်မှ ပြန်ဝင်လာသည့် ယာဉ် မောင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြဝတီမြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇွန်လ ၂၃ ရက်တွင် ခေါ်ယူစစ် ဆေးခဲ့ခြင်းဖြစ်သည်။

‘‘ကားပေါ်မှာပါတဲ့ မိန်းက လေးကိုသံသယရှိတော့ လုံခြုံရေး တပ်ဖွဲ့က ခေါ်စစ်တာ။ သူက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ဝင်လာတာ မဟုတ်ဘူး’’ ဟု မြဝတီခရိုင်အုပ် ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

အမျိုးသမီးသည် မြဝတီမြို့ ခံဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် ယခုနှစ် မတ်လ ၂၅ ရက် ကတည်းက နေထိုင်ရာမှ ပြန် ဝင်လာသူဖြစ်သည်။ ကိုဗစ် ရော ဂါတားဆီးကာကွယ်ရေးအတွက် ဖွင့်ထားသည့် ကျန်းမာရေးစစ် ဆေးရေးဂိတ်ကို မဖြတ်ဘဲ ယာဉ် မောင်းနှင့်အတူ ဝင်လာခဲ့သူဖြစ် ကြောင်း ဦးတေဇာအောင်ကပြော သည်။

၎င်းတို့နှစ်ဦးကို ကူးစက်ရော ဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုကာ မြဝတီမြို့နယ်တရားရုံးက ထောင် ဒဏ်လေးလစီ ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဇွန်လ ၂၂ ရက် နေ့ လယ်တွင် ထိန်းသိမ်းခဲ့ပြီး ညနေတွင်အမိန့်ချလိုက်ခြင်းဖြစ်သည်။

‘‘တရားမဝင်ဝင်လာသူရော ခေါ်လာသူရော တရားသူကြီးက လေးလစီ ပြစ်ဒဏ်ချတယ်။ အရေးပေါ်ကာလဖြစ်လို့ နေ့ချင်း ပြစ်ဒဏ်ချတာ’’ ဟု ဦးတေဇာ အောင်က ပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော မြဝတီမြို့သည် ထိုင်းရောက် မြန်မာနိုင်ငံသားအ များအပြား ပြန်ဝင်လာနေသည့် အဓိကနယ်စပ်မြို့ဖြစ်သည်။

‘‘အရေးပေါ်ကာလမှာ အခု လို အရေးယူတာ ကောင်းတယ်။ ကျန်တဲ့သူတွေအတွက် သင်ခန်း စာပဲ’’ ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

သတင်း – အောင်သစ်လွင်

Add a Comment

Your email address will not be published. Required fields are marked *