ရဲမှူးချုပ်ဇော်မိုသန်းခြေတော်တင်ခဲ့သည့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်၁၈ဦးထိရှိ

ရဲရာထူးခန့်ချုပ်ရဲမှူးချုပ်ဇော်မိုးသန်းကိုရဲတပ်ဖွဲ့ဝင်အမျိုးသမီးများအားရာထူးတိုးပေမည် ၎င်းနဲ့အတူနေရမည်သို့မဟုတ်ပါကငွေပေးမှရာထူးပေးကြောင်းနှင့်ပတ်သက်ပြီးရဲတပ်ဖွဲ့ဝင်အမျိုးသမီးများကတိုင်တန်းထားတာကြောင့်ရဲတရားရုံးဖြင့်စစ်ဆေးနေပါတယ်။

“ဒီကိစ္မကဘယ်လိုဖြစ်ကြလဲဆိုရင်ဒုရဲအုပ်ကနေရဲအုပ်ဖြစ်ချင်ရင်ရဲမှူးကျော်ဇင်ကနေတစ်ဆင့်သိန်း၂၀၊ ရဲအုပ်ကနေဒုရဲမှူးသိန်း၃၀၊ ဒုရဲမှူးကနေရဲမှူးကတော့သိန်း၅၀ပေးရတယ်ပေါ့ တပ်ရင်းတို့နယ်ခြားစောင့်တို့ကိုမရောက်စေရဘူးပေါ့ မပေးလို့ကတော့ဒုရဲအုပ်လောင်းအပတ်စဉ်ဘယ်လောက်ပဲစီနီယာစောစောရာထူးမပေးဘူး အခုအဂတိကော်မရှင်တိုင်တဲ့ကောင်မလေးကခြေတော်တင်ခံရပြီးရာထူးမပေးဘဲပြောင်းရွေ့လိုက်လို့သူကတိုင်တာပေါ့”ဟုအမည်မဖော်လို့တဲ့ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ယခုရဲတရားရုံးကရဲရာထူးခန့်ချုပ်ရဲမှူးချုပ်ဇော်မိုးသန်းကိုစစ်ဆေးနေပြီး၎င်းခြေတော်တင်ခံခဲ့ရတဲ့အမျိုးသမီး၁၈ဦးကလည်းလက်မှတ်ရေးထိုးပြီးဒုတိယဗစ်တိုးရီးယားမဖြစ်စေရန်တောင်းဆိုထားကြကြောင်းသိရပါတယ်။ဇော်မိုးသန်းဟာတပ်မတော်မှဖြစ်ပြီး စစ်တက္ထသိုလ်အမှတ်စဉ်(၂၇)ဆင်းဖြစ်ကာ ယခုအမူကိုကိုင်တွယ်နေတဲ့ရဲချုပ်အောင်ဝင်းဦးဟာလည်းစစ်တက္ထသိုလ်အမှတ်စဉ်(၂၆)ဖြစ်ပြီး၎င်းတို့နှစ်ဦးဟာခင်မင်ရင်းနှီးကြတာကြောင့်စိုးရိမ်နေကြတာပါ။

ရဲရာထူးခန့်ချုပ်ရဲမှူးချုပ်ဇော်မိုးသန်းရဲ့အမျိုးသမီးဟာငွေကြေးချမ်းသာပြီးကမ်းလွန်ရေနံလုပ်ကွက်တွေမှာရဟတ်ယာဉ်တွေငှါးရမ်းထားသလို ဟိုတယ်နှင့်နေပြည်တော်မှာရှိတဲ့စားသောက်ဆိုင်ကိုလည်းပိုင်ဆိုင်ပါသေးတယ်။ပြီးခဲ့တဲ့လကလည်းစစ်တက္ထသိုလ်အပတ်စဉ်(၂၅)ဆင်းရထားရဲတပ်ဖွဲ့ရဲမှူးချုပ်မိုးသန်းအောင်အပါအဝင် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်၃ဦးကိုရာထူးကထုပ်ပယ်ပြီးအရေးယူခဲ့ပါသေးတယ်။

ယခုလိုအဂတိမူ လိင်ပြုဆက်ဆံခံရမူတွေနဲ့အဂတိတိုက်ဖျက်ရေးကော်မရှင်ထံတိုင်တန်းခံရသူအများဆုံးမှာတပ်ဘက်ကပြောင်းရွေ့တာဝန်ထမ်းဆောင်သူတွေအများဆုံးဖြစ်ပြီး ဌာန၁၇ခုအတွင်း၃၃၈ဦးထိတာဝန်ထမ်းဆောင်နေကြောင်းသိရှိရသည်။

Source: San Win Shein

Add a Comment

Your email address will not be published. Required fields are marked *