fbpx

ရွေးကောက်ပွဲ မဲပေးခွင့်ရရေး မှတ်ပုံတင်ကတ်များ ကွင်းဆင်းပြုလုပ်ပေးမည်

မောင်စိန်ချို
ပင်လည်ဘူး

ကသာခရိုင်၊ ပင်လည်ဘူးမြိုနယ် လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မှတ်ပုံတင်ကတ်များ ကျေးရွာများအထိ ကွင်းဆင်းလုပ်ဆောင်ပေးမည်ဟု မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးမြစိန်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် မဲစတင်ပေးနိုင်သည့် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်များအား မှတ်ပုံတင်ကတ်များ ပြုလုပ်ပေးခဲ့သည်။

“ရွေးကောက်ပွဲတွေမှာ လူတိုင်းစေ့ မဲပေးနိုင်အောင်လို့ပါ။ မြို့ပေါ်ရပ်ကွက်တွေ လုပ်ပေးပြီးတာနဲ့ မကြာခင် ကျေးရွာအုပ်စုတွေလည်း ကွင်းဆင်းပြုလုပ်ပေးသွားတော့မှာပါ”ဟု ပင်လည်ဘူးမြို့နယ် လဝက ဦးစီးမှူး ဦးမြစိန်က ပြောသည်။

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိပြီး ရွေးကောက်ပွဲမတိုင်ခင် အုပ်စုအလိုက် အလှည့်ကျ ကွင်းဆင်းပြုလုပ်ပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

မှတ်ပုံတင်ကတ် တစ်ခါမှ မပြုလုပ်ရသေးသောသူများကိုသာ အဓိကထားပြုလုပ်ပေးနေသည်ဟု သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *