fbpx

မြန်မာရဲတပ်ဖွဲ့ အတွင်းရှိ လိင် ကိစ္စ အရှုပ်တော် ပုံများ

ဒီစာဟာ ကျွန်တော့်မေးလ်ထဲကို ရောက်လာတာ နှစ်ကြိမ်ရှိပါပြီ။ အကဲခတ်ရသလောက် ဖေ့စ်ဘွတ်ပေါ်တင်မပေးမချင်း လက်လျှော့မယ့်ပုံ မပေါ်တာကြောင့် ကြောက်ကြောက်နဲ့ တင်ပေးလိုက်ပါတယ်။

သူရေးသားတဲ့အတိုင်း မှန်မမှန်ဆိုတာကိုတော့ ဘက်မလိုက်တဲ့ ခုံရုံးတစ်ခု ဖွဲ့ပြီး စစ်လိုက်ရင် အဖြေပေါ်လာဖို့ မခက်ခဲလှပါဘူး။

ဘုန်းကြီးအမှု ရွာပတ်တယ်လို့သာ ကြားဖူးပါတယ်။ အခုတော့ ကိုလှရွှေအမှု မောင်ဒင့်ကို ပတ်ပါပကောဗျာ။ ။

စိတ်ဝင်စားစရာကောင်းတာကတော့ “ရဲ တပ်ဖွဲ့ ဝင်တွေဟာ တစ်နေရာ ၃နှစ်နဲ့ပြောင်းရမှာဆိုတော့ ပြည်သူ့ လုံခြုံရေးမလုပ်တော့ ဘဲငွေရှာရာထူးကိုငွေနဲ့ဝယ် နေရာကိုငွေနဲ့ဝယ် ငွေမရှိတဲ့သူကခန္ဓာကိုယ် ပေး ပြီး ရာထူးနဲ့နေရာကိုဝယ်တဲ့အထိ အကျင့်ပျက်နေတဲ့အတွက်” ဆိုပဲခင်ဗျာ။ ။

ဦးမင်းဒင်မှတဆင့်နိုင်ငံတော်၏အတိုင်ပင်ခံသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် အောင်ဝင်းဉီးလက်ထက်မူဝါဒအမှားများကြောင့်ရဲတပ် ဖွဲ့မှာဘာတွေဖြစ်နေလည်းတင်ပြလိုပါတယ်၊

မကြာသေးမှီကာလကရဲတပ်ဖွဲ့မှမီးရထားရဲတပ်ဖွဲ့မှူးရဲမှူးချုပ်မိုးသန်းအောင် စစ်တက္ကသိုလ်အပါတ်စဉ်(၂၅)ကရထားရဲတပ်ဖွဲ့သက်သာရံပုံငွေတွေထဲကသိန်း ၃၀၀၀ လာဘ်စားတာကိုရဲတရားရုံးနဲ့စစ်ဆေးပြီးထောင်တစ်နှစ်ချပါတယ်။

အဲဒါကို မိုးသန်းအောင်ကအသနားခံစာတင်တော့ ထောင်တစ်နှစ်အစားပြည်ထဲရေး ဝန်ကြီး ကထောင် ၆လပြင်လိုက် ပါတယ်၊ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာဉီးဇော်ဌေးပြော သွားတာပါအမေ၊နောက်တစ်ဉီးကတော့ရဲမှူးချုပ်ဇော်ခင်အောင် စစ်တက္ကသိုလ် အ ပါတ်စဉ်(၂၇) အယင်ဒုဝန်ကြီးဗိုလ်ချုပ်အောင်သူနဲ့တပါတ်စဉ်ထဲပါ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ကနေဖြိုးကိုကိုတင့်ဆန်းလက်နက်တွေမူးယစ်ဆေးတွေနဲ့ လေဆိပ် မှာမိတော့ဖါထေးပြီးပြောသွားတဲ့တစ်ယောက်ပါ။

အဖါကောင်းတော့ကချင်ပြည်နယ်ရဲ တပ်ဖွဲ့မှူး၊ကချင်ကနေရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးအဖြစ်တာဝန်ယူခဲ့သူပါ ရှမ်းရဲတပ် ဖွဲ့မှူးလုပ်တော့စခန်းမှူးတစ်ယောက်နေရာကောင်းလိုချင်ယင်သိန်း ၅၀၀ ၊နယ်ထိမ်း ခေါင်းဆောင်နေရာကောင်းသွားချင်ယင် သိန်း၃၀၀ တောင်းပြီးတလတစ်ကြိမ် ရှမ်းပြည်နယ်တစ်ပါတ်ခရီးထွက်ယင်သိန်း၁၀၀၀မပြည့်ယင်မပြန်ပါဘူး။

နေပြည် တော်လာယင်ရဲချုပ်၊ဒုဝန်ကြီး၊ဝန်ကြီး ကောင်းကောင်းပေးထားတော့ ရဲထောက်ချုပ် ရဲမှူးချုပ်သန်းတင်အောင်ပင်စင်သွားတော့ ရဲတပ်ဖွဲ့ရဲ့စပါးကျီဖြစ်တဲ့ရဲထောက်ချုပ် နေရာကို ရဲချုပ်ကိုအောင်ဝင်းဉီး၊ဒုဝန်ကြီးဗိုလ်ချုပ်အောင်သူတို့ ရဲ့ကူညီစောင်မမှုနဲ့ ဖြစ်လာပါတယ်၊ရဲထောက်ချုပ်ဖြစ်ပြီးရက်ပိုင်းဘဲ ရှိပါသေးတယ် မူးယစ်နှိမ်နင်းတဲ့ အိတ်စ်ရေးမော်တော်ကားဝယ်ဘို့ အစိုးရကပေးထားတဲ့ သိန်းသန်းပေါင်း၅၀၀၀ ကျော်ကိုယာယီအလွဲသုံးစားလုပ်တဲ့အတွက် ရဲတရားရုံးနဲ့စစ်ဆေးပြီး ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်ပါတယ်၊

ရထားတပ်ဖွဲ့မှူးကျတော့ထောင်ချပြီးကိုဇော်ခင်အောင်ကျ ဘာလို့ထုတ်ပယ်တာလည်းဆို ကိုဇော်ခင်အောင်ကရဲထောက်ချုပ်ဆိုတော့ ဝန်ကြီး၊ ရဲချုပ်၊ဒုရဲချုပ်တွေကိုရှာကြွေးနေတာပါသူ့ကိုထောင်ချ လိုက်ယင်သူ့ဘက်က တန်ပြန် လာမယ့်ပြဿနာကိုမရှင်းနိုင်လို့အချိုသတ်ပြီးထုတ်ပယ်တာပါသူစားထားတာနဲ့ အ ပြင်မှာနေပေါ့ ရဲထောက်ချုပ်ကိုဇော်ခင်အောင် အိမ်က တလောကဖေ့စ်ဘွတ်မှာ အိမ်တက်ပွဲလုပ်လို့သတင်းတက်လာတဲ့ အိမ်ကြီးပါ ပိုင်ဆိုင်မှုက ဒေါ်လာသန်း၁၅၀ ရှိတယ်လို့သိရပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ရဲရာထူးခန့်ချုပ်ရဲမှူးချုပ် ဇော်မိုးသန်းပါ သူ့ မိန်းမကချမ်းသာပြီးကမ်းလွန်ရေနံလုပ်ကွက်မှာရဟတ်ယာဉ်တွေတောင်ငှားထားပြီးဟိုတယ်လုပ်ငန်းနဲ့နေပြည်တော်ကရွှေတောင်ကြီးစားသောက်ဆိုင်လုပ်ငန်း တွေပိုင် ပါတယ်၊သူ့လက်ထက်ရဲတွေကိုတောင်ကနေမြောက်၊မြောက်ကနေတောင် ပြောင်း စားနေသူပါ။

သူ့ကိုရှာကြွေးသူကတော့ရဲရာထူးခန့်ချုပ်ရုံးကရဲမှူးကျော်ဇင်ဆိုသူပါ ကချင်ပြည်နယ်ဒ/နခေါင်းဆောင်၊မူဆယ်မြို့နယ်မှူးတွေ လုပ်ပြီးရာ ထူးခန့်ချုပ်ရုံး ကိုရောက်လာတာပါ ၊ ဒုရဲအုပ်ကနေရဲအုပ်ဖြစ်ချင်ယင်ကျော်ဇင်ကိုသိန်း ၂၀ပေးပါ ၊ရဲအုပ်ကနေဒုရဲမှူးဖြစ်ချင်လားသိန်း၃၀ ၊ဒုရဲမှူးကနေရဲမှူးသိန်း၅၀ပေးပါရဲတပ်ရင်း တို့နယ်ခြားစောင့်ရဲတို့မရောက်စေရဆိုပြီးတောင်းလို့ပေးရပါတယ် ပိုက်ဆံမပေးယင် ဒုရဲအုပ်လောင်းအပါတ်စဉ်စီနီယာဘယ်လောက်စောစော ရာထူးမပေးပါဘူး။

ရဲမှူး ကျော်ဇင်ကနေတဆင့်ရာထူးခန့်ချုပ်ကိုဇော်မိုးသန်းကိုပိုက်ဆံပေး ယင်ဘယ်လောက် ပဲဒုရဲအုပ်အပါတ်စဉ်နောက်ကျကျရာထူးရပါတယ်၊ ရဲမှူးချုပ်ဇော်မိုးသန်း ဘယ် လောက်ဆိုးလည်း ဆိုယင်အမျိုးသမီးဒုရဲအုပ်မလေးတွေကို ခြင်ထောင် ထဲ သွင်းပြီးခြေတော်တင် ရာထူး တိုးပေးပါတယ်။

အခုလည်းဒုရဲအုပ်မတစ်ယောက်ကို ခြေတော်တင်ပြီးရာထူး တိုးမပေးဘဲနေရာပြောင်းတော့ ကောင်မလေးက တိုင် ပါတယ်စစ်ဆေးတော့သူခြေတော်တင်နေတဲ့နောက်ထပ်ဒုရဲအုပ်မလေးတွေသာမကရာထူးကြီးအမျိုးသမီးရဲအရာရှိတွေအများကြီးထပ်ပေါ်လို့ရဲတပ်ရင်းတစ်ခုမှာချုပ်ထားပြီး ရဲတရားရုံးနဲ့စစ်နေပါ တယ်။

သူကလည်းစစ်တက္ကသိုလ်အပါတ်စဉ်(၂၇)ဆင်းဖြစ်ပြီး ရဲချုပ် ကိုအောင်ဝင်းဉီး ကစစ်တက္ကသိုလ်အပါတ်စဉ်(၂၆)ဆိုတော့ ဘော်ဒါတွေဖြစ်တဲ့ အတွက်ဒီလိုနဲ့ ပြီး သွား မှာကိုကောင်မလေးမိဘတွေကစိုးရိမ်နေကြပါတယ်၊နိုင်ငံတော်ကနေပြီးရဲမှူးချုပ်ဇော်မိုးသန်းထိုက်သင့်တဲ့ပြစ်ဒဏ်ရအောင်ဆောင်ရွက်ပေးဘို့တောင်းဆိုပါ တယ်။

အမေ၊ရဲတပ်ဖွဲ့ထဲကဒုတိယဗစ်တိုးရီးယားတွေဖြစ်သွားမှာစိုးရိမ်နေကြပါတယ်၊ တကယ် တော့ရဲတပ်ဖွဲ့ဝင်တွေအကျင့်ပျက်ချစားနေတာ ဒီလိုစစ်တပ် ပြောင်း လုပ်ချင် ရာလုပ် နေကြတဲ့အရာရှိဆိုးတွေ ကြောင့်ဆိုတာတွေ့ရမှာပါ ။

ရဲ တပ်ဖွဲ့ ဝင်တွေဟာ တစ်နေရာ ၃နှစ်နဲ့ပြောင်းရမှာဆိုတော့ ပြည်သူ့ လုံခြုံရေးမလုပ်တော့ ဘဲငွေရှာရာထူးကိုငွေနဲ့ဝယ် နေရာကိုငွေနဲ့ဝယ် ငွေမရှိတဲ့သူကခန္ဓာကိုယ် ပေး ပြီး ရာထူးနဲ့နေရာကိုဝယ်တဲ့အထိ အကျင့်ပျက်နေတဲ့အတွက်စစ်တပ်ပြောင်း ရဲအရာရှိ ဆိုးများကိုအမေဒေါ်အောင်ဆန်းစုကြည်မှထိရောက်သောပြစ်ဒဏ်ချမှတ်ပေးပါ ရန်အ၈တိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေအရေးယူပေးပါရန် တောင်းဆို လိုက်ရပါတယ်။

မှတ်ချက်- ဤစာများသည် ခေတ်သစ်နက်၏ အရေးအသားများမဟုတ်ပါကြောင်း ရေးသားသူ မင်းဒင် ( စာရေးဆရာ)သာဖြစ်ပါကြောင်း။

ဆောင်းပါး – မင်းဒင် ( စာရေးဆရာ)

Add a Comment

Your email address will not be published. Required fields are marked *