တရုတ်နိုင်ငံ မူလတန်းကျောင်းတစ်ခုမှာ ကျောင်းသား(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

တရုတ်နိုင်ငံ၊ အလယ်ပိုင်းပြည်နယ်၊ Henan က မူလတန်းကျောင်းတစ်ခုမှာ ကျောင်းသားကျောင်းသူ (၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ အာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ကျောင်းသားကျောင်းသူလေးတွေဟာ ကျောင်းကနေ ကျွေးတဲ့အစားအစာတွေကို စားသောက်ပြီးနောက် ပျိုု့အန်ခြင်း၊ ဗိုက်နာခြင်း၊ မူးဝေခြင်းတွေ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းဟာ Yucheng ကောင်တီမှာ တည်ရှိပြီး၊ ကျောင်းချက်ပြုတ်ဆောင်နဲ့ အစားအစာ နမူနာတွေကို စစ်ဆေးနေပါတယ်။

အဆိုပါ ကောင်တီမှာ အစိုးရတင်ဒါစနစ်နဲ့့ ကုမ္ပဏီလေးခုက ကျောင်းသားတွေ အစားအစာတွေအတွက် တာဝန်ယူ တင်သွင်းတာလို့ သိရပါတယ်။ ကျောင်းသား (၄၅၀၀)လောက်ဟာ အဲဒီကုမ္ပဏီတွေရဲ့ အစားအစား ထောက်ပံ့ရေးစနစ်နဲ့ မကင်းကြပါဘူး။

ဒီအဖြစ်အပျက်ဟာ ဇွန်လ(၁၀)ရက်နေ့က ဖြစ်ခဲ့တာပါ။ အခြားကျောင်းတွေမှာလည်း အလားတူအဖြစ်မျိုး ဖြစ်ခဲ့ကြောင်း Yucheng Bureau of Education အဖွဲ့က အတည်ပြုထားပြီး၊ အဆိပ်သင့်ခဲ့တဲ့ ကလေးတွေကို ဆေးရုံအသီးသီးကို ပို့ထားပါတယ်။

Yucheng Bureau of Education တာဝန်ရှိသူတစ်ဦးကတော့ အခုအဖြစ်အပျက်မှာ စစ်ဆေးအတည်ပြုချက်တွေ ထွက်လာတာနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ကျောင်းသားမိဘတွေကတော့ အထူးစိုးရိမ်နေကြပြီး၊ ထိရောက်တဲ့ အလျှော်မျိုး မျှော်လင့်နေပါတယ်။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *