လူမှုကွန်ရက်ပေါ်က ဦးဝီရသူ ဗီဒီယိုဖိုင်တွေဟာ အတုဖြစ်တယ်လို့ ပြည်ထဲရေး ဆို

ထွက်ပြေးလွတ်မြောက်နေတဲ့ ဆရာတော် ဦးဝီရသူရဲ့နာမည်တူနဲ့ ရုရှားလူမှုကွန်ရက် VK ပေါ်မှာ တင်နေတဲ့ ဗွီဒီယိုဖိုင်တွေဟာ အတုအယောင်တွေဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကဒီကနေ့ ဇွန်လ ၂၂ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗီဒီယိုဖိုင်တွေမှာ လူမျိုးရေးဘာသာရေးနဲ့ အစိုးရကို ဝေဖန်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စတုတ္ထ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် မျိုးဆွေဝင်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဦးဝီရသူနဲ့ ဦးလှဆွေတို့ကိုစွဲဆိုထားတဲ့ အမှုတွေဟာ ရဲအပေးမပိုင်တဲ့ အမှုတွေနဲ့ တရားစွဲဆိုတာ ဖြစ်ပေမယ့် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးနိုင်တဲ့ ရာဇဝတ်အထွေထွေအမှုနဲ့ ပြောင်းလဲဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ဆရာတော် ဦးဝီရသူ အသုံးပြုတဲ့ ရှရှားဖေ့စ်ဘွတ်ခ်လို့ လူသိများတဲ့ VK မှာ ဦးဝီရသူနဲ့ ပတ်သက်ပြီး သူ့ရဲ့တပည့် ဒါယိကာတွေက ဆရာတော်နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေ ရှိနေပါတယ်။ ဒီအပေါ်မှာလည်း ရဲတပ်ဖွဲ့က အတုအယောင်တွေသာ ဖြစ်တယ်လို့ ပြောနေပါတယ်။ ဦးဝီရသူနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ မျက်ကွယ်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

သတင်း – RFA Burmese

Add a Comment

Your email address will not be published. Required fields are marked *