အရမ်းနာမည်ကြီးလာတဲ့ မြန်မာပြည်ထဲက အံ့အားသင့်ဖွယ် သဘာဝတရားတွေနဲ့ လှပနေတဲ့ ချစ်စရာရွာလေးတစ်ရွာ
|နေ့ချင်းညချင်း အရမ်းနာမည်ကြီးလာတဲ့ မြန်မာပြည်ထဲက အံ့အားသင့်ဖွယ် သဘာဝတရားတွေနဲ့ လှပနေတဲ့ ချစ်စရာရွာလေးတစ်ရွာ
ဒီနေရာလေးဟာ ကိုးရီးယာတို့ ဆွစ်ဇာလန်တို့မှာမဟုတ်ဘဲ မြန်မာနိုင်ငံထဲက ရွာလေးတစ်ရွာဆိုရင် သင်အံ့အားသင့်သွားပါလိမ့်မယ်။ ရေခဲတွေနဲ့ဖုံးလွှမ်းနေပီး အရမ်းအေးချမ်းသာယာပီး သဘာဝအတိုင်းလှပနေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။
ဒီရွာလေးဟာဆိုရင် အရင်က အင်မတန်လူသိနည်းခဲ့ပီး ဒီနှစ်ထဲမှာမ အဲဒီရွာလေးကို တာဝန်ကျတဲ့ကျောင်းဆရာလေးမှ ဓာတ်ပုံများ ဗွီယိုဖိုင်များရိုက်ကူးပီး သူ့ရဲ့လူမှုကွန်ရက်မှာတင်ခဲ့ရာမှ လူသိများလာခဲ့တာဖြစ်ပါတယ်။
အဲဒီရွာလေးကတော့ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက မဒိန်းဆိုတဲ့ရွာလေးဖြစ်ပါတယ်။ တရုတ်နိုင်ငံ တိဘက်ကုန်ပြင်ဒေသနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံထဲက ကျေးရွာလေးပါ။
နှင်းခဲ့တွေ နှင်းမှုံမြူမှုံတွေနဲ့ တောင်တန်းကြီးတွေ သစ်တောတွေနဲ့အတူ စိမ်းစမ်းများ စမ်းချောင်းလေးများ ရေတံခွန်များနဲ့ အရမ်းလှပပီး သဘာဝကျလွန်းတဲ့နေရာလေးဖြစ်ပါတယ်။
အာရှမှာတောင် ဒီလောက်လှတဲ့နေရာမရှိဘူးလို့လည်း ခရီးသွားလာဖူးသူတွေက မှတ်ချက်ပြုကြပါတယ်။ ကမ္ဘာ့ခရီးသွားအများအပြားလည်း စိတ်ဝင်စားနေကြတာဖြစ်ပီး လာလည်ချင်နေကြတာဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိကိုဗစ်ကာလဖြစ်တဲ့အတွက် သွားလာဖို့အခက်ခဲတေရှိနေပါတယ်။ မြန်မာအစိုးရကသာ လိမ္မာပါးနပ်စွာအသုံးချတတ်မယ်ဆိုရင် ဒီဒေသလေးဟာ ကမ္ဘာလှည့်ခရီးသွားတေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုအဖြစ်ထင်ရှားလာမှာဖြစ်ပီး တိုင်းပြည်ဝင်ငွေကို တစ်ဖက်တစ်လမ်းကရှာနိုင်မှာဖြစ်ပါတယ်။
ဒီဗွီယိုဖိုင်နဲ့ ဓာတ်ပုံတေကိုတော့ Zin Ko Ko ဆိုတဲ့ဖေ့ဘုတ်အကောင့်ပိုင်ရှင်မှ တင်ထားတာဖြစ်ပါတယ်။ ကဲ မိတ်ဆွေတို့လည်း ကိုဗစ်ကာလကြီးပီးရင် မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ကိုယ်တော်ပဲဖြစ်ဖြစ် အဲဒီဒေသရဲ့ သဘာဝအလှတွေကို သွားရောက်ခံစားကြည့်စေချင်ပါတယ်။ တကယ်လို့များ ကိုသိပ်ချစ်ရတဲ့ချစ်သူလေးနဲ့များ ခရီးထွက်ရမယ်ဆိုရင် ဘယ်လောက်တောင် ရိုမက်တစ်ဆန်လိုက်မလဲဗျာ။
သာဂိ