အွန်လိုင်းမှာ အမေစုပုံပန်ချီးကားနဲ့ပတ်သက်ပီး ဝေဖန်မှုများပြင်းထန်နေ
|ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ပုံ ပန်ချီကားတစ်ချပ်ကို အနုပညာရှင်တစ်ယောက်မှ တင်ခဲ့ရာ အွန်လိုင်းမှာ ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။
နဖူးပြင်တွင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ သင်ကျစ်တော်ကို ထည့်သွင်းရေးဆွဲထားတာကို ဝေဖန်နေကြတာဖြစ်ပါတယ်။ ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲတတ်တတ် ဘုရားနဲ့တော့ မနှိုင်းအပ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာ ယုံကြည်တာ ကိုးစားတာနဲ့ ဗုဒ္ဓမြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်တာ မတူပါဘူး။ ဘယ်လိုအဓိပ္ပါယ် ဘယ်လိုအယူအဆတွေနဲ့ ရေဆွဲသလဲဆိုတာတော့ ရေးဆွဲသူကိုယ်တိုင်သာသိပါလိမ့်မယ်။
နောက်တစ်ခုက ဘာသာရေးပြသနာတက်တိုင်း အထူးသဖြင့် ဗုဒ္ဓဘာသာကိုစော်ကားတိုင်းဟာ ပန်ချီကဏ္ဍကဖြစ်နေတာထူးဆန်းစွာတွေ့ရပါတယ်။ အခုလို အများယုံကြည်ကိုးကွယ်ရာကို စတန့်ထွင်မှ အနုပညာလို့များခံယူထားကြပါသလား။ ပန်ချီဆရာအားလုံးနဲ့ ပန်ချီလောကကို ပြောတာမဟုတ်ပါ။ သိက္ခာရှိရှိ ပန်ချီအနုပညာရှင်စစ်စစ်တွေကို် လေးစားပါတယ်။
အခုလို ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ ထိလွယ်ရှလွယ်ဖြစ်မယ့် ဘာသာရေသဘောတရားပါတဲ့ ပုံတွေ စာတွေ ဗွီယိုဖိုင်တွေ အသံဖိုင်တွေကို ရည်ရွယ်ချက်ရှိရှိ တမင်တင်နေကြတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
ဒီပုံဟာဆိုရင် အများပြည်သူ ယုံကြည့်ကိုးစားနေတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ လေစားဖွယ်ပုံလည်း မပေါ်လွင်ပဲ ကြောက်မက်ဖွယ် အသွင်သဏ္ဍာန်ကိုသာပေါ်လွင့်နေပါတယ်။ အဲဒီအတွက်ရော ဗုဒ္ဓသင်းကျစ်တော်ကို လူသာမန်တို့ရဲ့ နဖူးပြင်မှာထည့်သွင်းရေးဆွဲတဲ့အတွက် အများသူငှါ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပီ အမြန်ဆုံ အရေးယူဆောင်ရွက်စေချင်ပါတယ်ခင်မျာ။ သာဂိ