မိတ္တီလာမြို့ စည်းခုံကြီးကန်ဘောင်တွင် အလှစိုက်ထားသော ပန်းအိုး ၃၉ လုံး ရိုက်ခွဲတွန်းချ ဖျက်ဆီးခံရ
|ယနေ့ (ဇွန် ၂၀ ရက်) နံနက်ပိုင်းက မိတ္တီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ စည်းခုံကြီးကန်ဘောင်တွင် မိတ္တီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မျက်စီပသာဒဖြစ်စေရန်နှင့် အရိပ်ရစေရန် စိုက်ပျိုးထားသော အလှစိုက်ပန်းအိုး ၁၇၅ အိုးရှိသည့်အနက် ပန်းအိုး ၃၉ လုံး ရိုက်ခွဲတွန်းချ ဖျက်ဆီးခံခဲ့ရကြောင်း မိတ္တီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
“ဒီနေ့မနက် ပြည်သူတစ်ယောက်ကနေ သတင်းပို့တယ်။ ဝန်ဇင်းစည်းခုံကြီးကန်ဘောင်က ပန်းအိုးတွေ အခွဲခံရပြီး တွန်းချခံရတယ်လို့ ဖုန်းဆက်တာနဲ့ ကျွန်မတို့ စည်ပင်တာဝန်ရှိသူတွေ ချက်ချင်းလာကြည့်တာ၊၊ အခုပန်းအိုးတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလလောက်ကမှ စစိုက်တာ၊ ပန်းအိုး စစိုက်တော့ စက်နဲ့မချီပြီး လူသုံး လေးယောက်ထိန်းချပြီးတော့ကို စိုက်ခဲ့ရတာ၊ ပန်းအိုးတွေက တော်တော််လေး အလေးချိန်ပါတော့ အောက်မှာလည်း ခံထားရသေးတယ်၊ လူတစ်ယောက် နှစ်ယောက်လောက် တွန်းတာတောင်ပန်းအိုးက သိပ်မလှုပ်ဘူး၊ အဲ့ဒီလိုစိုက်ခဲ့တဲ့ ပန်းအိုး ၁၇၅ အိုး စိုက်ထားတာမှာ ၃၉ လုံး တွန်းချခံရတာ ပန်းအိုးလေးလုံး ကွဲသွားတယ်၊ တန်ဖိုးဆုံးရှုံးတယ်ဆိုတာထက် ဒီလောက် အလှအပဖန်တီးပေးထားတာကို မခံစားတက်တာကို တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။
ကျွန်မတို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားတော့ စခန်းကလည်း လာကြည့်ပါတယ်၊ နယ််ထိန်းတွေလည်း စုံစမ်းနေကြပါတယ်၊ ကျွန််မတိုု့အခုမနက်ပဲ စည်ပင်အနေနဲ့ အမှု့ဖွင့်နေပါပြီ၊ ပန်းအိုးတွေ အလှအပတွေ ကျွန်မတို့ဘယ်တုန်းကမှ မလုပ်ဖူးဘူး၊ ခုမှပြင်ဆင်ထားတာဆိုတော့ အရင်တုန်းက ဒီလိုအဖြစ်မျိုး မဖြစ်ဘူးသေးပါဘူး၊ ဒါမျိုးတွေ မိတ္တီလာမှာတစ်ခါမှ မဖြစ််ဖူးပါဘူး၊ နောက်ထပ် ဒါမျိုးတွေ မဖြစ်အောင် ပြည်သူတွေအားလုံး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်” ဟု မိတ္တီလာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းမှ ဇွန်လ ၂၀ ရက် မနက်ပိုင်းက ပြောကြားသည်။
မိတ္တီလာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ဇင်းရပ်ကွက်၊ မိတ္တီလာ-မြင်းခြံကားလမ်းမဘေး၊ မိတ္တီလာကန်ဘောင်တွင် သဲထည့်ထားသော ကတ္တရာပီပါများပေါ်သို့ တောင််ထန်းပင်၊ စက္ကူပန််းပင်၊ သနပ်ခါးပင် စသော အလှစိုက်အပင်များ ထည့်သွင်းစိုက်ပျိုးထားသော ပန်းအိုး ၁၇၅ အိုးအား ဝန်ချီစက်ဖြင့် မတင်ချထား စိုက်ပျိုးခဲ့ပြီး ပန််းအိုးတစ်လုံးလျှင် ငွေကျပ် ၂၅၀၀၀ ကျော် တန်ဖိုးရှိကြောင်း သိရှိရသည်။
အဆိုပါအမှုအား မိတ္တီလာမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်းနှင့် ဓာတ်ပုံ- ဝဏ္ဏ(မိတ္တီလာ)(Eleven Media)