Samsung ဟာ အမေရိကန်တယ်လီကွန်းအော်ပရေတာကြီးဖြစ်တဲ့ Verizon နဲ့ ပူးပေါင်းပြီး 5G ဖုန်းသစ်တစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။

Verizon ရဲ့ 5G mmWave ကွန်ရက်ပေါ်မှာ အလုပ်လုပ်နိုင်မယ့် ဒီဖုန်းကို Samsung Galaxy A71 5G UW လို့ ခေါ်ပါတယ်။ UW ဆိုတာကတော့ Verizon ရဲ့ ကိုယ်ပိုင် Ultra Wideband 5G ကွန်ရက်ချိတ်ဆက်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ Galaxy A71 5G ဖုန်းသစ်ဟာ flagship မော်ဒယ် Galaxy S20 နဲ့ အတော်လေး ဆင်ပါတယ်။

Galaxy A71 5G UW ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထွက်ထားတဲ့ Galaxy A71 5G နဲ့ တစ်ပုံစံတည်းဖြစ်ပြီး processor ကို Qualcomm Snapdragon 765G processor သုံးထားတာပဲ ကွာပါတယ်။ Infinity-O display နဲ့

လာပြီး ၆.၇ လက်မ OLED display နဲ့ လာပါတယ်။RAM 8GB/128GB storage အထိ သုံးထားပြီး ဘက်ထရီပါဝါကတော့ 4500mAh ဖြစ်ပါတယ်။

ကျောဘက်ကင်မရာဟာ ထောင်လိုက် စတုဂံပုံစံကင်မရာကွက်ဖြစ်ပြီး 64MP main sensor ၊ 12MP ultrawide ၊ 5MP macro lens နဲ့ 5MP depth sensor များ သုံးထားပါတယ်။ရှေ့ဘက်မှာတော့ 32MP selfie ကင်မရာ ပါရှိပါတယ်။

ဓါတ်ပုံရိုက်ရာမှာ အလင်းအမှောင်နဲ့ အရောင်အသွေးကို အလိုအလျောက် ချိန်ညှိပေးနိုင်မယ့် Samsung Scene Optimizer စနစ်လည်း ထည့်ထားပါတယ်။

 

Add a Comment

Your email address will not be published. Required fields are marked *