ဇနီးဖြစ်သူက အရက်မူးနေသည့် ခင်ပွန်းကို ဓားဖြင့် ထိုးသတ်


ဗန်းမော်မြို့တွင် ဇနီးဖြစ်သူက အရက်မူးနေသည့် ခင်ပွန်းကို ဓားဖြင့် ထိုးသတ်မှုကို အရေးယူထားကြောင်း ယနေ့ဇွန် ၁၃ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဇွန် ၁၂ ရက် ည ၇ နာရီခွဲခန့်တွင်  ဗန်းမော်မြို့နယ်၊စင်းခန်းကျေးရွာ၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းညွှန့်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ထွန်းထွန်းအောင်(၃၀)နှစ်သည် တစ်ရွာတည်းနေ ရွှေလင်း၊ ကိုဝင်း၊စည်သူဝင်း တို့နှင့်အတူ အရက်သောက်နေစဉ် ထွန်းထွန်းအောင် ၏ဇနီးဖြစ်သူ မခင်ဇာဝင်း(၂၈)နှစ်က သွားရောက်ခေါ်ဆောင်ခဲ့သည်။
ထိုသို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ သူငယ်ချင်းများရှေ့၌ အရှက်ရအောင်ပြုလုပ်သည်ဟုဆိုပြီး အသေသတ် ပစ်မည်ဟု ထွန်းထွန်းအောင်က ပြောဆိုကာ မခင်ဇာဝင်းကို သံတုတ်ဖြင့် ရိုက်နှက်ခဲ့စဉ် မခင်ဇာဝင်းမှာ လဲကျသွားခဲ့သည်။
သူငယ်ချင်းများက  ဝိုင်းဝန်းဖျန်ဖြေစဉ်  ကိုလင်း၏ ခါးကြားမှ အရိုးအသွား(၁)ပေ(၄)လက်မ ဓားဦးချွန်ပြုတ်ကျခဲ့ရာ မခင်ဇာဝင်းက အဆိုပါဓားကိုယူပြီး ထွန်းထွန်းအောင်ကို ထိုးလိုက်သောကြောင့် ထွန်းထွန်းအောင်၏ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာရရှိ သေဆုံးခဲ့သည်။
စင်းခန်းနယ်မြေရဲစခန်းက (ပ)၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားသည်။

သတင်း – တိုးဝေအောင်(MMTIMES)

Add a Comment

Your email address will not be published.