Facebookနှင့် YouTube တို့ကို အခွန်ကောက်ခံမှုကြောင့် ထိုင်းတွင် တစ်နှစ် ဘတ်သန်း ၃၀ဝ၀ အခွန်ငွေရရန်ရှိ
|ထိုင်းတွင် အီလက်ထရောနစ် စီးပွားရေးလုပ်သန်းများအား အခွန်ကောက်ခံရန် အဆိုပြုလိုက်ပြီး ထိုသို့အခွန်ကောက်ခံပါက တစ်နှစ်လျှင် ဘတ်သန်း ၃၀ဝ၀ အခွန်ငွေရမည်ဖြစ်သည်။ ထိုအဆိုကို အတည်ပြုပါက netflix, youtube, google နှင့် facebook တို့သာမက အခြားအီလက်ထရောနစ် စီးပွားရေးလုပ်သန်းများလည်း အခွန်ဆောင်ရမည်ဖြစ်ကြောင်း ထိုင်းအကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ်ကပြောသည်။ ယခင်က ကြော်ငြာများကို တီဗွီတွင်သာကြော်ငြာပြီး ယခုခေတ်တွင် အွန်လိုင်းပလက်ဖောင်းများတွင်သာ ကြေညာတော့ကြောင်းလည်း သူကပြောသည်။ ထိုင်းတွင်လုပ်ငန်းလုပ်နေသည့် နိုင်ငံခြားကုမ္ပဏီများလည်း ထိုတန်ဖိုးဖြည့်စွက်အအခွန်ပေးဆောင်ရမည်ဟု အသိပေးသည်။ ကနဦးအဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့တွင် အတည်ပြုခဲ့ပြီး လွှတ်တော်သို့ တင်ပြအတည်ပြုချက်တောင်းခံရန် ရှိနေသည်။ အရှေ့တောင်အာရှနိုင်ငံများအပါအဝင် နိုင်ငံ ၆၀ ကျော်တွင် တန်ဖိုးဖြည့်စွက်အခွန်ကောက်ခံနေကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်ကပြောသည်။ ထိုအစီအစဉ်ကြောင့် ထိုင်းတွင် အွန်လိုင်းမှ လုပ်ငန်းမလည်ပတ်သည့်စီးပွားရေးလုပ်သန်းများအတွက်လည်း ဈေးကွက်အဆင့်ညှိပေးရာ ကျမည်ဖြစ်ကြောင်းအသိပေးသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ social platform များကို အီလက်ထရောနစ် စီးပွားရေးအရ အခွန်ကောက်ခံသင့်နေပါပြီ အကြောင်း ကြော်ငြာလုပ်ငန်း အများစုသည် ပြည်တွင်း မီဒီယာတွေသာမက အများဆုံးရရှိနေသည့် Facebook နဲ့ Google တို့တွင် နေ့စဉ် မြန်မာငွေများ စီးဆင်းသွားခြင်းကြောင့် နိုင်ငံအကျိုးအမြတ်ပြန်လည်ရရှိနိုင်ရန် ကောက်ခံသင့်ကြောင်းပါ။
Ref: Khaosod