မိခင်မရှိချိန်မှာ (၅)နှစ်အရွယ် ညီလေးကို လည်ပင်းညှစ်သတ်ခဲ့တဲ့ (၁၇)နှစ်အရွယ်အစ်ကို
|အသက်(၁၇)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မိခင်မရှိချိန်မှာ (၅)နှစ်အရွယ် ညီလေးကို လည်ပင်းညှစ်သတ်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ သားဖြစ်သူကို မိခင်ဖြစ်သူက သူမမရှိချိန်မှာ ညီလေးကို သေချာဂရုစိုက်ထားဖို့ မှာကြားပြီး နေအိမ်ပြင်ပကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ပြန်ရောက်ချိန်မှာ သားလေး သတိလစ်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ Eyota, Minnesota မှာ ပြီးခဲ့တဲ့ဇွန်လ(၁)ရက် တနင်္လာနေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အစ်ကို,ကိုတော့ ရဲက ဖမ်းဆီးထားပါတယ်။
မိခင်ပြန်လာချိန်မှာ Alex James Smith ဟာ သတိလစ်နေပြီဖြစ်ပြီး၊ St Mary’s Hospital ကို အပြန်ပို့ခဲ့ပေမယ့် ဒေါက်တာတွေက ကလေးရဲ့အသတ်ကို မကယ်နိုင်တော့ပါဘူး။ ဆေးရုံရောက်ပြီး (၂)နာရီအကြာမှာပဲ Alex သေဆုံကြောင်း ဒေါက်တာတွေက အတည်ပြုခဲ့တာပါ။
Alex ဟာ အသက်ရှူလမ်းကြောင်း ပိတ်စို့ပြီး သေဆုံးခဲ့ရတာလို့ ဒေါက်တာတွေက ဆိုပါတယ်။ အစ်ကိုဖြစ်သူကို ရဲတွေက လူသတ်မှုဒုတိယဒီဂရီနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ The Olmsted County Sheriff’s Office ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
သူ့ကိုတော့ Dakota County Juvenile Detention Center လူငယ်ထိန်းသိမ်းရေးစင်တာကို ပို့ဆောင်ထားပြီး၊ လာမယ့် အပတ်မှာ ကနဦးကြားနာစစ်ဆေးမှုတွေ ပြုလုပ်မှာလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
လင်းဇော်ကို