အိန္ဒိယနိုင်ငံမှာ မျောက်အုပ်စုတစ်ခုက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် COVID-19 လူနာတွေရဲ့ သွေးနမူနာများကို လုယူသွားခဲ့
|ယခု သီတင်းပတ်အတွင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောင်းမြို့ရဲ့ မြောက်ဘက် ၂၈၆ မိုင်အကွာ မီရွတ်မြို့ရှိ အစိုးရ ဆေးဘက်ဆိုင်ရာကောလိပ်ဝင်းထဲမှာ လမ်းလျှောက်လာတဲ့ ဓာတ်ခွဲခန်းကျွမ်းကျင်သူတစ်ဦးကို မျောက်တွေက တိုက်ခိုက်ခဲ့ပြီး ၎င်းထံမှ သွေးနမူနာများ လုယူထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
မျောက်တွေက ဆေးကုသမှုခံယူနေတဲ့ COVID-19 လူနာလေးဦးရဲ့ သွေးနမူနာတွေကို လုယူပြီး ထွက်ပြေးသွားခဲ့ကြတယ်၊ သူတို့ရဲ့ သွေးနမူနာတွေကို ပြန်ယူခဲ့ရပါတယ်” လို့ ဒေါက်တာ SK Garg က ပြောပါတယ်။ မျောက်တွေက သွေးနမူနာတွေကို မည်သည့်နေရာမှာ လွှင့်ပစ်ခဲ့ကြောင်း အတိအကျ မသိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။
သို့သော် အဆိုပါ ကောလိပ်ဝင်းအနီးရှိ ဒေသခံတွေကတော့ မျောက်တွေက COVID-19 လူနာတွေရဲ့ သွေးနမူနာတွေကို လူနေဧရိယာအတွင်း ယူဆောင်လာခဲ့ပါက နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။ မျောက်တွေဟာ သွေးနမူနာများနဲ့ ထိတွေ့မိပါက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သယ်ဆောင်နိုင်ခြင်းရှိ မရှိ အတိအကျ မသိရကြောင်း ဒေါက်တာ SK Garg က ဆိုပါတယ်။