fbpx

သမီးဖြစ်သူကို နောက်ပြောင်သူအား ဓားဖြင့် ခုတ်သတ်

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့

ကျောက်ဆည်မြို့နယ်တွင် သမီးဖြစ်သူကို နောက်ပြောင်သူအား ဓားဖြင့်ခုတ်သတ်မှုကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မေ၂၈ရက် ညနေ၅နာရီခန့်တွင် ကျောက်ဆည်မြို့နယ်၊ကြောင်ကျေးရွာအုပ်စု၊ရမန်းကျေးရွာဘောလုံး ကွင်း၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ရဲရွာနယ်မြေစခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ရမန်းကျေးရွာနေ နိုင်မင်းညီညီ(ခ)သားငယ်(၂၂)နှစ်သည် လည်ပင်း ဝဲဘက်ပြတ်ရှ ဒဏ်ရာရရှိသေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာ နိုင်မင်းညီညီ(ခ)သားငယ်သည် တစ်ရွာတည်းနေ ချစ်ကို (၂၇ )နှစ်၏ သမီးဖြစ်သူကို နောက်ပြောင်သည်ကို ချစ်ကို က မကျေနပ်၍ စကားများစဉ် ချစ်ကိုက နိုင်မင်းညီညီအား အရိုးအသွား ၁၆လက်မ၊ဗြက်၂လက်မခန့်ရှိ အိမ်သုံးဓားမဖြင့် တစ်ချက်ခုတ်ခဲ့ရာမှ နိုင်မင်းညီညီသေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရဲရွာနယ်မြေရဲစခန်းက(ပ)၁၄/၂၀၂၀၊ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရ အမှုဖွင့်အရေးယူထားသည်။

Add a Comment

Your email address will not be published. Required fields are marked *