သေနတ်သမားကို လက်ဗလာနဲ့ပြန်ပြီးခုခံထိုးကြိတ်ခဲ့တဲ့ Garb Food သမား ရုပ်/သံ

မေလ ၂၆ ရက်နေ့ နေ့လည် ၁၂:၄၂ မိနစ်ချိန် ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ကလမ်းမတစ်ခုမှာ Grab Food လိုက်ပို့တဲ့သူရဲ့ဆိုင်ကယ်ရှေ့ကို ဖော်ကျူးနား ကားအဖြူ ရောင်တစ်စီးပိတ်ရပ်လိုက်တယ်။ ခဏတာအပြန်အလှန် စကားများကြပြီး ကားပေါ်ကဆင်းလာသူဟာ ကားထဲမှာသေနတ်ပါတဲ့အိပ်ကိုလာပါတယ်။ ထိုအချိန်မှာ Grab ဝန်ထမ်းက ဆီးကြိုပြီးထိုးလိုက်တယ် တစ်ဖက်ကအမျိုးသမီးသေနတ်ကိုလုယူဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လုယူလို့မရခဲ့ပါဘူး။  ဆိုင်ကယ်သမားက ဆက်ထိုးတယ် အင်္ကျီအဖြူနဲ့လူကလည်း သေနတ်ကိုရအောင် ဆွဲထုတ်ပြီး ပြန်ရန်ရှာပြန်ပါတယ်။ ဒါပေမယ့် ကျည်ထိုးဘို့အချိန်မရပါဘူး။ ဆက်တိုက်ဖိထိုးနေလို့ နောက်ထပ်အမျိုးသမီးတစ်ယောက်ရောက်လာပြီး ဝင်တားပြန်ပါတယ်။ ဖြန်ဖြေမှု ပြေလည်သွားခဲ့ကာ ဖက်ပြီးအပြန်အလှန်တောင်းပန်ပေမယ့် ရဲကိုတိုင်ကြား၍ လိုင်စင်ရှိသောမိမိသေနတ်ကို အများပြည်သူရှေ့တွင်ထုတ်ယူသုံးဘို့ကြိုးစားမှု ၊ ခြိမ်းချောက်မှုဖြင့်လောလောဆယ်အမှုရင်ဆိုင်နေရပါတယ်။ သေနတ်သမားက ကားပေါ်မှာသူ့မိန်းမနဲ့စကားများလာရင်းက ဒေါသက Grab Food သမားပေါ်စုပြုံပြီးရောက်ပေမယ့် နောက်ဆုံးရဲစခန်းရောက်သွားခဲ့ပါတယ်။

ဗွီဒီယိုကြည့်ရန်အတွက်

Add a Comment

Your email address will not be published. Required fields are marked *