ဟုမ္မလင်းတွင် သားအဖ၂ ဦးအား လက်နက်ကိုင်များမှ သေနတ်ဖြင့် ပစ်သတ်

ဟုမ္မလင်း၊ မေ- ၂၃

ဟုမ္မလင်းမြို့နယ် မန်လီကျေးရွာနှင့် အော်သော်ကျေးရွာကြားတွင် ဆိုင်ကယ်စီးလာသော သားအဖ ၂ ဦးအား အရပ်ဝတ်ဖြင့်လက်နက်ကိုင် ၅ ဦးမှ သေနတ်ဖြင့် ပစ်သတ်မှု ယနေ့ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန်လီကျေးရွာနေ ဦးထန်ခမ်းမန်နှင့် သားဖြစ်သူ မောင်ထောင်းရာဂင် တို့သည် အော်သော်ကျေးရွာဘက်သို့ လက်သမားလုပ်ကိုင်ရန် သွားရောက်ခဲ့ရာ လမ်းတွင် အမည်မသိ လူ ၅ ဦးမှ ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခဲ့သည်ဟု သတင်းရရှိသည်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းသော သားဖြစ်သူမှာ သေဆုံးပြီး ဖခင်မှ ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

“ကျွန်တော်လည်း ကြောက်လို့ မျက်နှာတွေ သေချာမကြည့်လိုက်ရပါဘူး”ဟု ဒဏ်ရာရရှိခဲ့သူ ဦးထန်ခမ်းမန်က ပြောသည်။

အခင်းဖြစ်နေရာသို့ ထမံသီရွာ ရဲစခန်းမှူးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပြီး အလောင်းအား ဟုမ္မလင်း ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားသည်။

သတင်း – တင်မျိုးငြိမ်း(မုံရွာဂေဇက်)

Add a Comment

Your email address will not be published. Required fields are marked *