fbpx

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းအမ်ဖန်ကြောင့် သေဆုံးသူ ၈၂ ဦး ထိရှိလာ

စူပါဆိုင်ကလုန်းအမ်ဖန်  ဝင်ရောက်လို့ အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးသူ   ၈၂ ယောက်ထက်မနည်း ရှိလာတယ်လို့ တာဝန်ရှိသူတွေက  မေလ ၂၁  ရက်မှာ ပြောဆိုပါတယ်။

အိန္ဒိယအရှေ့ပိုင်းမှာ သေဆုံးသူ ၇၂  ယောက်ထက်မနည်း ရှိပြီး သေဆုံးသူအများစုဟာ ဓာတ်လိုက်သေဆုံးတာနဲ့ သစ်ပင်ပိတာကြောင့်ဖြစ်တယ်လို့ အနောက်ဘန်ဂေါပြည်နယ် ဝင်ကြီးချုပ်က ပြောဆိုပါတယ်။

မုန်တိုင်းဟာ  ကုန်းတွင်းပိုင်း ဝင်ရောက်ပြိး နောက်မှာ အားပျော့သွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဆက်ဝင်ရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်   အနောက်တောင်ပိုင်း ရှက်ကီရာခရိုင်မှာလည်း   ဆည်တစ်ခု ကျိုးခဲ့ပြီး  ရေကြီးခဲ့ပါတယ်။

စူပါဆိုင်ကလုန်း  အမ်ဖန် မဝင်ရောက်ခင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးက ပြည်သူ  ၃ သန်းကျော်ကို အာဏာပိုင်တွေက နေရာပြောင်းရွှေ့ပေးခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *