မူဆယ်မြို့ဘက်မှကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသည့်သဲတင်ကား၂စီးနမ့်ဖက်ကာကျေးရွာအနီးတွင်ပစ်ခတ်ခံရ
|မူဆယ်မြို့ဘက်မှကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသည့်သဲတင်ကား၂စီးနမ့်ဖက်ကာကျေးရွာအနီးတွင်ပစ်ခတ်ခံရကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ကျော်မင်း(ဘ)ဦးစောမူးကို မောင်းနှင်လာသည့် NISSAN အမျိုး အစား မော်တော်ယာဉ်အမှတ် ၊ YGN 3N/–— နှင့် မြင့်ဆန်းဦး (ဘ)ဦးဆန်းနိုင်ဦး မောင်းနှင်၍ ဦးသန်းထွန်း(ဘ)ဦးလှဖေ လိုက်ပါလာသည့် NISSANအမျိုးအစား မော်တော်ယာဉ် အမှတ် ၊ YGN 5I/–— သည် မေ ၁၄ ရက် ည ၇ နာရီခန့်တွင် သဲများတင်ဆောင်၍ မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် နမ့်ဖက်ကာကျေးရွာ၏ တောင်ဘက် မီတာ ၃၅၀၀ ခန့် အကွာသို့ အရောက်၌ အကြမ်းဖက်သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျော်မင်း မောင်းနှင်လာသည့် မော်တော်ယာဉ်၏ ဘီး၊ လေကာမှန်နှင့် ကားဘော်ဒီတို့တွင် လက်နက်ငယ်ထိမှန်ပြီး ကျော်မင်း တွင် ကားမှန်ကွဲစရှပ်မှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။