fbpx

ခေါင်းထဲစိုက်ဝင်နေတဲ့ဓားကို (၂၆)နှစ်ကြာမှ ခွဲစိတ်ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့သူ

လူတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၂၆)နှစ်က ဓားပြတွေ ရိုက်ပုတ်နှိပ်စက်တာကို ခံခဲ့ရပြီး၊ အသေသတ်ဖို့အထိ ကြံစည်ခြင်း ခံခဲ့ရပါတယ်။ သူ့ကို ဓားပြတွေက ဦးခေါင်းထဲကို ဓားနဲ့ထိုးသွင်းပြီး၊ လက်စပျောက်သဘောမျိုး တိုက်ခိုက်ခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာ သူ မသေခဲ့ပါဘူး။

သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ (၂၆)နှစ်အတွင်း အာရုံကြောဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး၊ အသက်ရှင်သန်မယ်လို့တောင် မထင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ တရုတ်လယ်သမားတစ်ဦးဖြစ်ပြီး၊ အဓိကအားဖြင့်တော့ ဆိတ်တွေသိုးတွေ ကျောင်းရပါတယ်။

သူဟာ (၁၉၉၀)မှာ လူခြေတိတ်ချိန် လမ်းလျှောက်လာစဉ်၊ ဓားပြတွေက ပစ္စည်းလုဖို့ တိုက်ခိုက်ခံရတာဖြစ်ပြီး၊ ခေါင်းအတွင်းကို ဓားနဲ့ထိုးသွင်း တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ ဓားဟာ မျက်လုံးအိမ်ရဲ့ဘေးကနေ ဦးနှောက်အတွင်းထိ (၄)လက်မကျော် ဝင်ရောက်သွားခဲ့ပါတယ်။

ထိုစဉ်တုန်းက ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အချိန်ဖြစ်လို့၊ ဓားတန်းလန်းနဲ့ ရက်အတန်ကြာ သေမလိုရှင်မလိုနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။ နောက်ပိုင်းတော့ လူရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတာကလွဲရင် အသက်မသေခဲ့ပါဘူး။

ဆေးဘက်ဆိုင်ရာ နည်းပညာတွေလည်း အားနည်းချိန်ဖြစ်တော့ အချိန်ကြာလာတဲ့အခါ ဒီဓားကြီး နှုတ်လိုက်ရင် သူတော့ သေရှာမှာပဲဆိုတဲ့ အတွေးတွေသာ ဖိစီးနေလို့ သူ့ကို ခွဲစိတ်ဖို့အတွက်ကိုလည်း ဒေါက်တာတွေက ထောက်ခံချက်တွေ ဘာတွေ ရေးမပေးရဲခဲ့ဘဲ ဒီအတိုင်း ခက်ခဲစွာ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ သူ့ရဲ့ ဒဏ်ရာဟောင်းကို ခေတ်ပေါ်ဆေးပညာနဲ့အတူ၊ ခေတ်မီဆေးဘက်ဆိုင်ရာ ဒေါက်တာတွေက ဦးဆောင်ပြီး ခွဲစိတ်နိုင်ခဲ့ပါတယ်။ ဧပြီလ (၂)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုကို handong Qianfoshan Hospital မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အခြေအနေ ကောင်းမွန်ခဲ့ပါတယ်။

ဓာတ်မှန်ထဲမှာ မြင်ရတဲ့အတိုင်း ဓားဟာ ဦးခေါင်းအတွင်းကို အဆုံးထိုးသွင်းခံထားရပေမယ့်၊ အခင်းဖြစ်ချိန်တုန်းကသာ ကျကျနနစစ်ဆေးပြီး ခွဲစိတ်ခဲ့မယ်ဆိုရင် ကာယကံရှင်အဖို့ လူကောင်းပကတိအတိုင်း နေနိုင်ခဲ့မှာ ဖြစ်ပါတယ်။ အခုတော့ လူနာမှာ အာရုံကြောကို ထိထားလို့ ပကတိအကောင်းပုံစံအတိုင်း ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။

ဧပြီ(၂)ရက်နေ့မှာ ပထအကြိမ်ခွဲစိတ်မှု လုပ်ပေးခဲ့ပြီး၊ ဧပြီ (၈)ရက်မှာ ဒုတိယအကြိမ် အပြီးသတ်ခွဲစိတ်မှု ပြုလုပ်ခဲ့တာရတာပါ။ ဓားရဲ့အပြားဟာ (၁.၂)လက်မ ဗြက်အကျယ်ရှိပြီး၊ ဓားရဲ့အရှည်ကတော့ အရိုးမပါ (၄)လက်မအရှည်ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အဖိုးအိုခမျာ ကာလရှည် ဝဋ်တော့ ကျွတ်သွားခဲ့ပါပြီ။

လင်းဇော်ကို

Add a Comment

Your email address will not be published. Required fields are marked *