တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင် ဓားဒဏ်ရာများဖြင့်သေဆုံးနေမှုကို စုံစမ်းနေ
|တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်တစ်ဦး ယာဉ်ပေါ်တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေမှုကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်းမေ ၁၂ ရက်နေ့တွင်ရဲတပ်ဖွဲ့မှ သိရသည်။
မေ ၁၁ ရက် ညနေ ၄ နာရီ ၃၅မိနစ်အချိန် လှိုင်သာယာ (အနောက်)မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်၊အကွက်(၂၂) ဦးထွန်းညိုလမ်းမ နံဘေးရဲစခန်း၏မြောက်ဘက်၂မိုင်ခွဲခန့်တွင်ရပ်ထားသောကားပေါ်၌ လူတစ်ဦး ဒဏ်ရာများနှင့် လဲကျနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးခင်ဇော်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
” တရုတ်နိုင်ငံသား ကားနောက်ကနေ သုံးဘီးဆိုင်ကယ်နဲ့ လူ ၃/၄ယောက် လိုက်လာပြီး ကားပေါ်က ဆွဲချထိုးကြိတ်နေတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နေတယ်။ ရဲတွေလည်း စုံနေတယ်” လှိုင်သာယာရွှေလင်ဗန်းကျေးရွာနေ ကိုသိန်းစိုးကပြောသည်။
စုံစမ်းစစ်ဆေးချက်အရ အဆိုပါယာဉ်အမှတ် TOYOTAPLATယာဉ်ပေါ်တွင် Myanmar Goldern Forever Co.Ltd ကုမ္ပဏီပိုင်ရှင် ၊ရွှေလင်ဗန်းစက်မှုဇုန် အလယ်ရွာနေ တရုတ်နိုင်ငံသား MrYangBengOlao(၆၃)နှစ်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ယာဘက်ဘေး နံကြား ထိုးသွင်းဒဏ်ရာ၊ ဝမ်းဗိုက်ဘက်ခြမ်းထိုးသွင်း ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရသည်။
အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့အပ်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွာသည်ဆိုသူများကို စုံစမ်းလျက်ရှိသည်။
သောင်ကြီးနယ်မြေရဲစန်း(ပ)၁၁၂၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုဖွင့် ထားကြောင်း သိရသည်။
သတင်း – တိုးဝေအောင် MMTIMES