Breaking News မူဆယ်တိုးဂိတ်ကို လက်ပစ်ဗုံးဖြင့်ပစ်

မေလ ၁၁ရက်နေ့ ည ၈း၃၀ အချိန်ခန့်က မူဆယ်မြို့အဝင် (OHC) တိုးဂိတ်ကို ဆိုင်ကယ်စီးနင်းလာသော မသမာသူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သ တင်းရရှိပါ သည်။

ဗုံးပေါက်ကွဲမှုကြောင့် တိုးဂိတ်ခေါင်မိုးလန်သွားပြီး ပျက်စီးမှုအချို့ရှိခဲ့ ကာ တိုးဂိတ်ငွေကိုင်ဝန်ထမ်း မောင်မျိုးထက်နိုင်(၂၁)နှစ်တွင် ဒဏ် ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

ဗုံးပစ်သွားသူ မသမာ သူနှစ်ဦးသည် မူဆယ်မြို့ရှောင် လမ်း အတိုင်း ထွက်ပြေးသွားပြီး ဖမ်းဆီးရမိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိပါ သည်။

Add a Comment

Your email address will not be published. Required fields are marked *