မြန်မာပြည်သမိုင်းတွင် ၁၆ ရက်သာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့ရသော နာမည်ကြီး ဦးစိန်လွင်

ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၇-ရက်မှ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။ ဦးစိန်လွင်သည် ၁၉၂၄-ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်၊ တနင်္ဂနွေနေ့တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ကော့ကရင်ရွာ၌ အဖ ဦးရွှေရင်၊ အမိ ဒေါ်မမကြီး(ဒေါ်မာကြီး)တို့မှ မွေးဖွားခဲ့သည်။ ၁၉၄၄-ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ဂျပန်ခေတ် တတိယပတ် စစ် တက္ကသိုလ် ဗိုလ်သင်တန်းတက်ရောက်ပြီး နိုဝင်ဘာလ(၃ဝ)ရက်နေ့တွင် ကျောင်း ဆင်းခဲ့သည်။

  • ၁၉၄၉-ခုနှစ်တွင် ပြည်ထဲရေးသို့တွဲဖက်ရာမှ ထားဝယ်စစ်ဝန်ထမ်း တပ်ရင်းမှူး၊၁၉၅ဝ-ပြည့်နှစ်တွင် အမှတ်(၃)ခြေလျင်တပ်ရင်း၌ တပ်ခွဲမှူး၊
  • ၁၉၅၁-၅၂ ခုနှစ်တွင် အမှတ် (၁) လေ့ကျင့်ရေးတပ်၌ တပ်ခွဲမှူး၊
  • ၁၉၅၂-၅၃ ခုနှစ်တွင် တပ်ထိန်းတပ်ခွဲ(၂)၌ တပ်ခွဲတပ်မှူး၊
  • ၁၉၅၃-၅၄ ခုနှစ်တွင် ချင်းသေနတ်ကိုင်တပ်ရင်း၌ ဒုတပ်ရင်းမှူးနှင့် အမှတ် (၁) လေ့ကျင်ရေးတပ် ဒုတိယတပ်ရင်းမှူး၊
  • ၁၉၅၇-ခုနှစ်တွင် အမှတ် (၄) သေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူး စသည်ဖြင့် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၁၉၅၆-၆၉ ခုနှစ်အထိ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီ
  • ၁၉၆၉-၇ဝ ပြည့်နှစ်အထိ အရှေ့ပိုင်းတိုင်း ဗျူဟာမှူးအဖြစ် လည်းကောင်း၊
  • ၁၉၇ဝ-၇၂ ခုနှစ်အထိ တိုင်းကြီးကြပ်ရေး ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
  • ၁၉၇၂-၇၄ ခုနှစ်အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၌ ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဦးစိန်လွင်အား နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ အခြေခံဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ သည် နိုင်ငံတော်သမ္မတအဖြစ် စတင်ထမ်းရွက်ခဲ့ရသည်။

နေဝင်းက သူ့ကို သူ၏ ယုတ်မာရက်စက်သော လုပ်ဆောင်မှုများအတွက် ကောင်းစွာ ချီးမြှင့်သည့် အနေဖြင့် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ ဩဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု အတွက် ၂၆ နှစ်ကြာ ဖိနှိပ်ခံခဲ့ရမှုသည် လုံလောက်ခဲ့ပြီ။ စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် “ရန်ကုန်မှ သားသတ်သမား” ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နုတ်ထွက် ပေးခဲ့ရသည်။

၁၉၈၇ ခုနှစ်၊ စတင်ဘာလ (၅)ရက်နေ့တွင် ကျပ်ငွေ ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် များကို သုံးစွဲရန် တရား မဝင်တော့ကြောင်း နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ် ရေးထိုး ခဲ့သည့်အမိန့်ကို ထုတ်ပြန်သည်။ တိုင်းပြည်၏ ငွေကြေး လည်ပတ်မှု ၈၉ ရာခိုင်နှုန်းမှာ ပျောက်ကွယ် သွားပြီး ပြည်သူများအား သုံးစွဲခွင့် ရပ်စဲ လိုက်သည့် ငွေစက္ကူများ အတွက် လျော်ကြေး မပေးခဲ့ပေ။

Add a Comment

Your email address will not be published.