Quarantineဝင်နေတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်ဖို့ကြံစည်သူအား ထိန်းသိမ်းမှုပြုလုပ်

Quarantineဝင်နေတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်ဖို့ကြံစည်သူအား ထိန်းသိမ်းမှုပြုလုပ်
မြိုင်၊ မေ ၁၀-၂၀၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ် ၊ မကျီးကန်အုပ်စု၊ ကန်ကြီးကျေးရွာ စာသင်ကျောင်းမှာQuarantine ဝင်နေတဲ့ အမျိုးသမီးကို အစောင့်အဖြစ် ဆောင်ရွက်နေသူ က မုဒိမ်းကျင့်ဖို့ကြံစည်မှုမေလ၆ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီလိုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့စွပ်စွဲခံရပြီး အရေးယူမှုမရှိသေးတဲ့ သတင်းထွက်ပေါ်ခဲ့တဲ့နောက်ပိုင်း မနေ့မေလ (၈)ရက်ညနေမှာ ဌာနစုံအဖွဲ့ကနေ စွပ်စွဲခံရသူကို ထိန်းသိမ်းခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ကွာရန်တင်းဝင်နေသူအမျိုးသမီးဟာအသက်၄၂ခန့်ရှိပြီး မေလ၁ရက်နေ့ကတည်းက ကွာရန်တင်းဝင်‌နေရသူဖြစ်ပါတယ်။ကွာရန်တင်း၀င်နေသူတယောက်ထဲ မနေရဲလို့အသက်၁၄နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ ကွာရန်တင်းမှာနေရတာဖြစ်ပြီး မေလ၆ရက်ညမှာ အခုလိုဖြစ်စဥ် ဖြစ်ပွားခဲ့တာလို့ ကာယကံရှင်အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
“ကျောင်းအခန်းမှာ ပြတင်းပေါက်တွေ လာလှပ်ပါတယ်၊ အဲ့ဒီအချိန်မှာ သမီးက ဘာမှမသိဘဲနဲ့ ပြတင်းပေါက်နေ ရေဆာလို့လား မေးတဲ့အချိန်မှာ သူက ဘာမှပြန်မပြောဘဲနဲ့ သူအိပ်နေတဲ့ စာသင်ကျောင်းဘေးက စာသင်ခုံမှာ ပြန်အိပ်နေတယ်၊ ခဏနေတော့ ကျွန်မတို့နေတဲ့ နေရာ တံခါးကို ဆွဲနေပါတယ်၊ အဲ့လို ဆွဲနေတဲ့အချိန်မှာ သူနဲ့အတူကျတဲ့ ဆယ်အိမ်ခေါင်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်၊ အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှူး တွေမရောက်သေးချိန် ည ၁၁ နာရီကျော် မှာ ပြတင်းပေါက်တွေ တံခါးပေါက်တွေကို အားနဲ့ ဆွဲလှပ်နေပြန်ပါတယ်၊ အဲ့မှာ ကျွန်မတို့ သားအမိလဲ ကြောက်တာနဲ့ စာသင်ဆောင်ထဲမှာ သူက ဟိုဖက်က လှပ်တဲ့အသံကြားရင် ဒီဖက်ပြေး၊ ဒီဖက်က လှပ်တဲ့ အသံကြားရင် ဟိုဖက်ပြေး နဲ့ ဟိုပြေးဒီပြေး ဖြစ်နေချိန် အုပ်ချုပ်ရေးမှူးတွေ ရောက်လာပါတယ်”လို့ ကာယကံရှင်အမျိုးသမီးကပြောပါတယ်။


အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ရောက်ရှိလာချိန်မှာ စွပ်စွဲခံရသူက ထွက်ပြေးသွားခဲ့ပြီး အမှု့နဲ့ပတ်သက်ပြီး အတူတာဝန်ကျတဲ့ ဆယ်အိမ်စုမှူးကတော့ အခုလိုဖြစ်စဉ်ကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။အဲ့ဒီလိုဖြေကြားခြင်းမရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ဦးသက်နိုင်ကိုVOMကဆက်သွယ်မေးမြန်းရာမှာတော့ ”လောလောဆယ်တော့ စွတ်စွဲခံရသူကိုစိတ်မချလို့ထိမ်းထားတယ်၊ အမှုကတနင်္လာနေ့မှဖွင့်ရမယ်၊ ကလေးမလေးက ပုဂံညောင်ဦးကဟော်တယ်တခုမှာ အလုပ်လုပ်ခဲ့ပြီးဟိုမှာကွာရတင်းနေပြီးကြောင်း ထောက်ခံစာတွေပါတော့ ဒီမှာထပ်Qတော့ QပြီးQတွေဖြစ်နေတော့ အခုပြဿနာနဲ့ဆိုတော့ HQထားလိုက်တယ်။ တကယ်ပါဗျာ ကျနော်တို့ကွင်းဆင်းတော့ ကလေးမလေးကို မှီခိုရတဲ့မိသားစုဆိုတော့ မပြည့်စုံဘူး၊ မအေရှိတယ် မောင်နှမတွေရှိတယ် သားသမီးရှိတယ်။ ကျနော်တို့ ဆန်တွေဘာတွေထောက်ခဲ့တယ်၊ ကျန်တာက စွပ်စွဲခံရတဲ့သူကတော့ငြင်းတာပေါ့၊ ဒါပေမဲ့ သူစောင့်ရမယ့်နေရာကျူးကျော်ပြီးတော့ ဒီကောင်မလေးတွေနေရာနားရောက်တာကိုက အပြစ်တခုအနေနဲ့ရှိတယ်လို့ မြင်တယ်၊ နောက်ပြီး ရွာမှာလဲစိတ်မချလို့ စခန်းတော့ခေါ်လာတာပေါ့၊ ကျနော်တို့ကတော့ အစိုးရနဲ့ပြည်သူအကြား ကြားဝင်ဆက်ဆံပေးရတာပါ၊ ကိုယ်ကအာဏာပိုင်မဟုတ်တော့ ဖမ်းဆီးဖို့ဖိအားမပေးပါဘူး၊ ကျန်တာရဲအပိုင်းပေါ့”လို့ပြောပြပါတယ်။
”ဒီနေ့ညနေ အုပ်ချုပ်ရေးလိုင်းပေါင်းစုံလာတဲ့အချိန်မှာ ဟိုကောင်ကိုထိမ်းသိမ်းသွားတယ်၊ ကျနော်ပြောချင်တာက သူတို့က ကျေးရွာတာဝန်ခံရယ် အုပ်စုအုပ်ချုပ်ရေးမှူးရယ် အသိသက်သေရယ်လက်မှတ်ထိုးပေးပါတဲ့၊ မထိုးနိုင်ဘူးလို့ ဘာလို့လဲတဲ့ အမှု့တခုကိုရေရှည်ဆွဲနေလို့ မထိုးဘူးဖြေလိုက်တယ်၊ ဖြစ်လာရင် ကျနော်ကရပ်ကျေးလေ ကျ​​နော့အထက်က သူရှိတယ်၊ သူကငြိမ်ခံနိုင်ပေမယ့် ကျနော်ကငြိမ်မခံနိုင်ဘူး၊ ပွင့်လင်းအောင်ပြောရရင် ကျနော်ကလည်းတရားစွဲမှာ ” လို့ ကန်ကြီးကျေးရွာတာဝန်ခံ ဦးရွှေမြင့်ကပြောပါတယ်။အမျိုးသမီးနှစ်ဦး Quarantine အဖြစ် နေထိုင်ချိန် ညစောင့်အဖြစ် ဆယ်အိမ်မှူး၂ ဦးကို တညနှုန်းအစောင့်နေဖို့အတွက် ကျေးရွာက စီစဉ်ထားခဲ့တာဖြစ်ပါတယ်။အခင်းဖြစ်နေ့က ဆယ်အိမ်မှူး ဦးဘသန်းနဲ့ ဦးနိုင်လင်းတို့နှစ်ဦးမှာ တာဝန်ကျခဲ့ပြီး စတင်ရောက်ရှိလာကတည်းက စွတ်စွဲခံရသူဦးနိုင်လင်းဟာအရက်မူးနေတယ်လို့ အတူတာဝန်ကျသူကပြောဆိုထားပါတယ်။အမှု့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေ ရဲစခန်းကိုဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ဂျန်ကိုးလ်(VOM)

Add a Comment

Your email address will not be published. Required fields are marked *