fbpx

အရက်ကြောင်သူက ရွာကိုမီးရှိူ့မှူတွင် လူ ၂၀၀ နီးပါး အိမ်ခြေမဲ့ဖြစ်ခဲ့

မြင်းမူမြို့နယ်တွင် အရက်ကြောင် ကြောင်နေသူက ကျေးရွာကိုမီးရှိူ့သဖြင့် လူ ၂၀၀ နီးပါး အိမ်ခြေမဲ့ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ယနေ့ မေ ၉ ရက်တွင် သိရသည်။

ဖြစ်စဉ်မှာ မေ ၈ ရက်မွန်းလွဲ၃နာရီမိနစ်၂၀အချိန်တွင် မြင်းမူမြို့နယ်၊ညောင်ပင်ကန်ကျေးရွာအုပ်စု၊ စိုင်မြစ်ကျေးရွာနေ ဝင်းဇော်လင်း ၄၅ နှစ်သည်အရက်ကြောင်၍တစ်ရွာတည်းနေဦးဖိုးကို(ခ)ဦးမြင့်ကို၏နေအိမ်အဖီကို မီးရှိူ့ခဲ့ခြင်းဖြစ်သည်။

ထိုမှတစ်ဆင့်ကျေးရွာအတွင်းရှိ  နေအိမ် ၄၅လုံးမီးလောင်ကျွမ်းခဲ့ပြီးမီးလောင်ရာသို့ မီးသတ်ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်းသတ်ရာ  ညနေ ၄ နာရီမိနစ် ၄၀တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ခြေ ၄၅ လုံး၊ ထွန်စက်တစ်စီး၊စပါး၅၀တင်း မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၂၈၀ ကျော် ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၁၈၁ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ၍ ဝင်းဇော်လင်းကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

တောချောင်းဦးနယ်မြေရဲစခန်းက(ပ)၇/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ၄၃၆ အရ အမှုဖွင့်အရေးယူထားသည်။

သတင်း – တိုးဝေအောင်(MMTIMES)

Add a Comment

Your email address will not be published. Required fields are marked *