နေ့တိုင်း ကျပ်ငါးထောင်ပေးမယ်ဆိုပြီး သားမယားပြုကျင့်ရန်ကြံစည်
|၁၄နှစ်အရွယ်(၇)တန်းကျောင်းသူလေး သားမယားပြုကျင့်ရန်ကြံစည်ခံရမှု တရားဥပဒေစိုးမိုးစေရန်နဲ့ တရားရုံးစောင့်ကြည့်ဖို့ ဝန်းရံ
၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသူလေးကို တစ်ရွာထဲနေသူ အမျိုးသားတစ်ဦးမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခံခဲ့ရတဲ့အပေါ် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ကလေးသူငယ်နဲ့ အမျိုးသမီးအကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေးကွန်ယက် နှင့် မန္တလေး ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ကိုယ်စားပြုကော်မတီတို့မှ ကာယကံရှင် မိန်းကလေး နှင့် သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများထံသို့ သွားရောက် စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီး အမှန်တရားပေါ်ပေါက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားရုံးစောင့်ကြည့်ဖို့ ဝန်းရံခဲ့ကြပါတယ်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီး ကျေးရွာနေ ဦးဟိန်းမင်းဇာမှ တစ်ရွာတည်းနေ ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသူ (မ. ..)ကို မတ်လ ၂၆ ရက်နေ့က သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခံခဲ့သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာကျောက်ဆည်မြို့နယ်ရဲစခန်းကို မတ်လ ၂၉ရက်နေ့က တိုင်တန်းခဲ့တဲ့ အမှုဖြစ်ပါတယ်။
သတင်း- AlinnMyayအလင်းမြေ
ရုပ်သံကြည့်ရန်အတွက်