အကာအကွယ်မပါဘဲ လင်းနို့တွေကိုကိုင်နေတဲ့ ဝူဟန်ပညာရှင်တွေရဲ့ဓာတ်ပုံများ ပေါက်ကြား

ဝူဟန်ဓာတ်ခွဲခန်းမှပညာရှင်များ လက်အိတ်နဲ့ အကာအကွယ်စသည်တို့ မပါဘဲ လင်းနို့တွေကိုလက်ချည်းသက်သက် ကိုင်တွယ်နေတဲ့ ဓာတ်ပုံများ မကြာသေးမီက လူမှုကွန်ရက်မှာ ပေါ်ထွက်လာခဲ့တဲ့အတွက် ကမ္ဘာကြီးအနေနဲ့ အလွန်ဒေါသထွက်ဖွယ် ဖြစ်နေပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သူတို့ဆီက စတယ်ဆိုတာ ငြင်းဆန်နေဆဲဖြစ်ပြီး ကမ္ဘာ့ ပညာရှင်အသိုင်းအဝိုင်းကတော့ တရုတ်တို့အနေနဲ့ ကိုဗစ်အကြောင်း သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထိမ်ချန်ထားခဲ့တဲ့အပြင်၊ ဗိုင်းရပ်စ်ရဲ့ DNA ကို သိပြီးသားဖြစ်ပါလျှက် ယနေ့အချိန်အထိ ရေငုံနှုတ်ပိတ်နေတာကို အလွန်ခံပြင်းနေကြပါတယ်။ အခုလည်း ဒီဓာတ်ပုံတွေဟာ ဝူဟန်မြို့မှာတည်ရှိတဲ့ Institute of Virology မှ ပညာရှင်များ ဖြစ်ပါတယ်။

သူတို့တစ်တွေဟာ လင်းနို့တွေကို ရှာဖွေနေတဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ လင်းနို့တွေကို လက်ဗလာသက်သက်နဲ့ ကိုင်တွယ်နေတဲ့ဓာတ်ပုံတွေဖြစ်ပြီး၊ Institute of Virology ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ နှစ်တော်တော်ကြာကတည်းက ရှိနေပြီးသား ဖြစ်ပါလျှက်၊ မကြာသေးခင်ကမှ အဲဒီဓာတ်ပုံတွေကို ဝက်ဘ်ဆိုက်ဒ်ကနေ ဖျက်ချပစ်လိုက်တာဟာ တော်တော် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

အဲဒီလင်းနို့တွေဟာ SARS နဲ့ပတ်သက်တဲ့ ဗိုင်းရပ်စ်တွေ စတင်ပျံ့နှံ့ရာ လင်းနို့တွေဖြစ်ကြပြီး၊ ဒီမှတ်တမ်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို ၎င်းတို့ဆိုက်ဒ်မှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် အလားတူပဲ ချက်ချင်းဆိုသလို ဖျက်ပစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေနဲ့အတူ (၂၀၁၈)ခုနှစ်က ဘေဂျင်းမြို့အမေရိကန် သံရုံးက ပြုလုပ်တဲ့ Rick Switzer ရဲ့ ဟောပြောပွဲမှတ်တမ်း ရည်ညွှန်းတွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေ မတိုင်မီမှာ အမေရိကန်သမ္မတထရမ့်က ကိုဗစ်-၁၉ဟာ တရုတ်ကနေ စတင်ခဲ့တယ်ဆိုတာကို ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီဖြစ်ကြောင်းဆိုပါတယ်။ အဲဒီနောက် မေလ(၁)ရက် သောကြာနေ့မှာ ဝူဟန်ဓာတ်ခွဲခန်းက လျှို့ဝှက်ထားအပ်တဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယင်းစာရွက်စာတမ်းများအရ တရုတ်တို့ဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖောက်ဖျက်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ပညာရှင်တစ်ဦးက အခုမှ ပွဲကြီးပွဲကောင်းလို့ ပြောခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; Mirror

Add a Comment

Your email address will not be published. Required fields are marked *