fbpx

ကျောင်းဆရာမလေးရဲ့ ဆိုင်ကယ်အောက်ကို တာဝန်ကျ တပ်မတော်သား တစ်ဦးမှ လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှု တပ်မတော်ရှင်းလင်းချက် မိသားစုဝင်များ လက်မခံဟုဆို

5.5.2020
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အမူလွန်၊ အမျက်တောင်က ကျောင်းဆရာမလေး(ဒေါ်ချိုဇင်အောင်)သည် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ဆရားမလေးအား ချစ်ကြိုက်နေသော တပ်မတော်သားတစ်ဦးမှ အဖြေမပေးလို့ဟုဆိုကာ လက်ပစ်ဗုံးဖြင့် ဆရာမလေးရဲ့ ဆိုင်ကယ်အောက်ကို ပစ်ခွဲလိုက်တဲ့အတွက် ဆရာမလေး (ဒေါ်ချိုဇင်အောင်)မှာ အပြင်းအထန်ဒဏ်ရာရ၍ စစ်တွေ ဆေးရုံးကြီးမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။

ဒေသခံတွေနဲ့ ဆရာမလေးရဲ့ မိသားစုဝင်တွေက ပြောဆိုနေကြပါတယ်။
၎င်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးက ရှင်းလက်ချက် လက်ခံနိုင်စရာမရှိဘူးလို့ ဆရာမလေး(ဒေါ်ချိုဇင်အောင်)ရဲ့ မိသားစုဝင်များကပြောပါတယ်။

၎င်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းသတင်းမှန်ပြန်ကြားရေးက ဗိုလ်မှုချုပ်ဇော်မင်းထွန်းက အဆိုပါ ဖြစ်ရပ်ဟာ ပညာရေးဝန်ထမ်းတွေကို တမင်ရည်ရွယ်တာမဟုတ်ပဲ လူငယ်သဘာဝ စိတ်မထိန်းနိုင်လို့ဖြစ်သွားတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ ထွေထွေထူးထူးတော့ ပြောစရာမရှိဘူးလို့ ဆိုပါတယ်။
၎င်းဖြစ်ရပ် ကျူးလွန်ခဲ့တဲ့ တပ်မတော်သားကိုလည်း နယ်ပြောင်းတာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှုချုပ်ဇော်မင်းထွန်းက ပြောဆိုရှင်းလင်းခဲ့ပါတယ်။

ဒီရှင်းလင်းချက်ဟာ အဓိပ္ပယ်မဲ့လွန်းတယ်လို့ ဆရာမလေး (ဒေါ်ချိုဇာင်အောင်)ရဲ့ မိသားစုဝင်များက ပြောဆိုနေကြပါတယ်။
အခုဆိုရင် ဆရာမလေး (ဒေါ်ချိုင်ဇင်အောင်)ဟာစစ်တွေဆေးရုံးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
NN

Add a Comment

Your email address will not be published. Required fields are marked *